Unicode
အရိုးပြာထားတဲ့ အဆောက်အဦးခေါင်မိုးမှာ ငြိမ်သက်စွာ ရပ်နေတဲ့ ထယ်ယောင်း။တဖြူးဖြူး တိုက်နေတဲ့ လေကြောင့် အကျႌလေးက တစ်လွှင့်လွှင့်။
ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေပြီး ခံစားချက်မဲ့နေတဲ့ သူတစ်ယောက်လို မျက်စိရှေ့မှာ မြင်နေရတဲ့ တိမ်ထူနေသော ကောင်းကင်ကို အကြောင်းမဲ့ ကြည့်နေဆဲ။အောက်မှာမြင်နေရတဲ့ အုတ်ဂုူတစ်ချို့မှာ ပူနွေးစွာ ငိုကြွေးသောကရောက်နေတဲ့ သူတွေ။သူတို့ဘေးမှာတော့ သက်ဆိုင်ရာသူတွေက နှစ်သိမ့်ပေးနေဆဲ။
ဒါဆို သူကရော။သူ့ကိုရော ဘယ်သူကနှစ်သိမ့်ပေးမှာလဲ။စိတ်အားငယ်တိုင်း နှစ်သိမ့်ပေးတဲ့ ဂျောင်ဂုကတောင် အခုသူ့ကို မုန်းနေပြီး ကမ္ဘာတစ်ခြမ်းကို ရောက်နေလောက်ပြီ။
ထွက်သွားခဲ့ပြီ။ဘဝရဲ့ အရေးပါဆုံး မရှိမဖြစ်တွေက သူ့နားကနေ အကုန်ထွက်သွားကြပြီ။ရှင်သန်နေရတာ အရှင်လတ်လတ် ငရဲကြသလိုပဲ။ဒါဆို ဘာလို့ ရှင်သန်နေဦးမှာလဲ။လူမသေပဲ စိတ်သေသွားတဲ့ ကင်မ်ထယ်ယောင်းဟာ ဘာလို့ ဒီလောကထဲ ကျင်လည်နေဦးမှာလဲ။အဲ့ဒီအစား ကားတိုက်ခံရတည်းက တစ်ခါတည်း သေသွားခဲ့ပါလား။ဘာလို့ ပြန်နိုးထလာသေးလဲ။ဘာလို့လဲ...။
ရက်စက်လိုက်တာ...မင်းဆိုတဲ့ ကံတရားကြီးက..။ငါ့အပေါ် ဒီလောက်ထိ လုပ်မှဖြစ်မှာလား။ဒီလောက် ဒဏ်ခတ်မှ ကျေနပ်မှာလား။ဘာအပြစ်တွေများ ကျူးလွန်မိလို့ အဲ့လောက်ထိ ရက်စက်ရတာလဲ။ဒါဆို မင်းဆိုတဲ့ ကံကြမ္မာကို ငါတစ်ခါလောက် စိန်ခေါ်ကြည့်ချင်တယ်။အကယ်လို့ ငါဒီလောကကြီးမှာ မရှိတော့ရင်ရော ငါ့ကို ရက်စက်ဦးမှာလား။အကယ်လို့ ငါပျောက်ကွယ်သွားရင်ရော ငါ့ဝိညာဉ်ကို မင်းက ဘယ်လို စီမံဦးမှာလဲ။
တစ်ခါလောက်တော့ သိချင်တယ်။စိန်ခေါ်ကြည့်ရမလား။
ခေါင်မိုးထက်ရဲ့ အစွန်းပိုင်းသို့ ဖိနပ်လေးချွတ်ကာ တက်လိုက်သည်။အောက်ကို တစ်ချက်ငုံ့ကြည့်လိုက်တော့ အမြင့်က တစ်ခါတည်းသေဖို့ လုံလောက်ပါတယ်။စိတ်ထဲမှာ ခံစားချက်မဲ့နေခဲ့သည်။မျက်ရည်လဲကျမလာသိလို ကြောက်လည်း မကြောက်နေ။ဒီနာကျင်မှုက အမြန်ဆုံး လွတ်မြောက်ချင်သည့် စိတ်သာ ကြီးစိုးနေသည်။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...