Unicode
Airplane Modeထောင်ထားရတ့ဲ အချိန်တွေဟာ အခုမှ ပိုကြာနေသလို...။စိတ်လောလွန်း၍ ထိုင်မရ ထမရ ဖြစ်နေတာကြောင့် လေယာဉ်မယ်လေးက ခဏခဏ လာပြောရသည်အထိ။အခုချိန် အလိုချင်ဆုံးဆုတစ်ခု တောင်းဆိုရင် ကိုရီးယားကို ချက်ချင်းရောက်စေ ဆိုပြီး ဆုပန်မိမှာအမှန်။
သူသိပ်မှားခ့ဲတယ်။ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ထယ်ယောင်း အပေါ်အခုလို မလုပ်ခ့ဲသင့်ဘူး။သူပြုမူလိုက်တ့ဲ အပြုအမူဟာ ထယ်ယောင်းအပေါ် စော်ကားသလိုရော၊အထင်သေးသလို ဖြစ်သွားတာ။မရည်ရွယ်ခဲ့ပင်မ့ဲ လုပ်ခ့ဲပါတယ်ဆိုတာကိုတော့ ငြင်းမရ။သူပြုမူခ့ဲတာ ထယ်ယောင်းရ့ဲ အမုန်းဆုံးဆိုတ့ဲ အရာတွေချည်း။
တောင်းပန်ချင်တယ်။ဘယ်လိုနည်းန့ဲ တောင်းပန်ရပါစေ။ဒူးထောက်ဆိုလည်း အရိုးကျေတ့ဲအထိ ထောက်မယ်။ထိုးရင်လည်း ခံလိုက်မယ်။ဒါပေမယ့် မုန်းတော့မမုန်းလိုက်ပါန့ဲ။ထယ်ချစ်သလို ကိုယ်လည်း ထယ့်ကိုချစ်နေသေးတယ်လေ။ကျေးဇူးပြုပြီး...တောင်းပန်ခွင့်လေးတော့ ပေးပါ။
လေယာဉ်စိုက်တာန့ဲ လာကြိုတ့ဲ ဒရိုင်ဘာကို ထားခ့ဲပြီး ကားကို သူကိုယ်တိုင် မောင်းခ့ဲတယ်။ဒီအချိန် ကုမ္ပဏီမှာတော့ ဖြစ်နိုင်မှာမဟုတ်။ဘယ်ကိုများ သွားနေမလဲ။ထယ်နေတ့ဲ အိမ်...ဟုတ်တယ်။အိမ်ကို အရင်သွားရမယ်။
ခဏလေးပဲ စောင့်ပါနော် ထယ်။ကိုယ်တောင်းပန်တာကို ခွှင့်မလွှတ်ရင်တောင် လက်ခံပေးပါ ထယ်....။
အချိန်ကြန့်ကြာနေတ့ဲ လှေကားတွေကို စိတ်မရှည်တော့၍ နှစ်ဆင့်သုံးဆင့် ကျော်တက်လိုက်သည်။အခန်းရှေ့ရောက်တော့ ဘဲလ်တီးမ့ဲ လက်တွေက တန့်နေသည်။တင်းထားတ့ဲ စိတ်တွေကလည်း ထိုတံခါးရှေ့ရောက်တော့ ပျော့ခွေချင်လာသည်။
ဘယ်လိုပဲအဆိုးဆုံးတွေပဲ ကြုံလာပါစေ။သူရွေးချယ်ခ့ဲတ့ဲလမ်းမို့် သေချာပေါက်ကို လက်ခံရမယ်။ထယ် လက်မခံလည်း အဆင်ပြေတယ်။ရတယ်။အနည်းဆုံးတော့ သူထယ့်ကိုတောင်းပန်လိုက်နိုင်တယ်လေ။
စိတ်ကို အဆုံးထိ မြှင့်တင်ပြီး တံခါးဘဲလ်ကို နှိပ်လို်က်တော့ အတော်ကြာသည်အထိ တုံပြန်မှုမရ။ထပ်ခါတလဲလဲ နှိပ်သော်လည်း အထဲမှ အပ်ကျသံတောင် မကြားရ။ကိုယ့်ကိုအ့ဲလောက်ထိ မုန်းနေပြီလား ထယ်။မျက်နှာတောင် မမြင်ချင်လောက်တ့ဲထိလေ။ဒါပေမယ့် ကိုယ်တောင်းပန်ချင်သေးတယ်လေ။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...