❣15❣

2.1K 167 2
                                    

ဒီနေ့ထယ်ယောင်း ဘူဆန်မြို့အနံှ လျှောက်လည်ဖို့ ပြင်ဆင်းထားသည်။အလုပ်ကိစ္စပြီးသော်လည်း အခါကြီးရက်ကြီး ပိတ်ရက်နဲ့ တိုက်နေတာကြောင့် ပိတ်ရက်ရှည်သည်။
ထို့ကြောင့် ဘယ်သူမှမပြန်ကြသေး။သူတို့လည်း သူတို့အစီအစဉ်နဲ့သူ ရှိမှာပေါ့။ကိုယ်က အရမ်း အလုပ်ရှုပ်သူမို့ အခွင့်အရေးရတုန်းလေး အကျိုးရှိရှိ အသုံးချရမည်။

အဖြူရောင် ရှပ်အကျႌလေးကိုမှ အောက်ခံအဖြူနဲ့ ဝတ်ထားသည်။ဒူးလောက်သာ ရှည်သော အဖြူရောင်ဘောင်းဘီတိုလေးကို ခါးပတ်အညိုအသေးလေးနဲ့ တွဲဝတ်ထားသော ထယ်ယောင်းရဲ့ ပုံစံဟာ ထိရက်စရာတောင် မရှိသော နတ်သားငယ်လေးလို။ထို့နောက် ပေါ့ပေါ့ပါးပါး ကျောပိုးအိတ်အညိုလေးထဲ ပစ္စည်းစုံထည့်လိုက်ပြီး ကင်မရာလေး လည်ပင်းချိတ်ထားတဲ့ ထယ်ယောင်းရဲ့ ပုံစံလေးဟာ တတ်ကြွနေသော လူငယ်လေးလို။

တက်ကြွနေသော စိတ်ကြောင့် အချိန်ဆွဲမနေတော့။လည်ချင်လွန်းလိူ့တောင် အစောကြီးထထားရတာ။ပတ်ဂျီမင်းကတော့ မင်ယွန်းဂီရဲ့ Silent Dateလုပ်မယ်ဆိုတာကြောင့် အတူတူလည်ဖို့ ခေါ်တာတောင် မလိုက်။ထို့ကြောင့် ထယ်ယောင်း လေအကုန်ခံပြီး ခေါ်မနေတော့။သူမလိုက်လည်း တစ်ယောက်တည်း လည်ရတာပေါ့။ထို့နောက် ထယ်ယောင်း အခန်းတံခါးကို သော့ခတ်ကာ ထွက်မယ်အလုပ် ဂျောင်ဂုအခန်းကို မျက်စိရောက်မိသည်။

ဂျောင်ဂုရော ဘယ်သွားမလဲ မသိဘူး။သူရောလည်နေမလား။ဒါမှမဟုတ် အလုပ်ကိစ္စတွေပဲ လုပ်နေမလား။ထားပါလေ...ဒါသူ့အကြောင်း။အရေးကြီးတာက ကိုယ်လည်ရဖို့်ပဲ။

ထို့နောက် ထယ်ယောင်း Laptopလေးကို ဖွင့်လိုက်သည်။ကိုယ်က မေ့တတ်တာကြောင့် ညကတည်းက သွားမဲ့နေရာတွေကို တစ်ခါတည်း အားလုံး အစီအစဉ်ဆွဲပြီးသား။ထို့ကြောင့် Laptopလေး တကြည့်ကြည့်ဖြင့် တက်ကြွသော ခြေလှမ်းများနှင့် ဘူဆန်မြို့ရဲ့ အလှကိုခံစားဖို့ ထွက်လာခဲ့သည်။

ထွက်သွားသော ထယ်ယောင်းရဲ့ ဆန့်ကျင်ဘက်အခန်းကကောင်လေးကလည်း အပေါ်အောက်အမဲဝမ်းဆက်ဖြင့် Maskအမဲကြီးတက်ကာ ထွက်လာပြီး ထယ်ယောင်းနောက်လိုက်နေတာကိုတော့ စိတ်လှုပ်ရှားနေသော ကောင်လေးကတော့ သတိမထားမိ။

Yet To Come [Completed]Where stories live. Discover now