Unicode
မယုံကြည်နိုင်ခြင်းတွေနဲ့ အံ့သြမှုပြည့်နေတဲ့ မင်းမျက်ဝန်းတွေကို ငါသိပ်သဘောကျတာပဲ။အကြည့်မလွဲပဲ ထိုမျက်ဝန်းတွေကို သေချာစိုက်ကြည့်ပစ်လိုက်သည်။
ဘယ်လိုလဲ ကင်မ်ထယ်ယောင်း....။အခြောက်လို ကောင်လေးက သားနားရဲ့လား..။တော်တော်လေးကို အံ့သြတုန်လှုပ်နေပုံအရ ငါထင်တာ မှန်တယ်ထင်တယ်...။ဒါအစပဲ ရှိသေးတယ် ကင်မ်ထယ်ယောင်း..။ေ့ရှဆက်ပြီး ဒီထက်အံ့သြစရာတွေ ရှိလာမှာမို့ ပြင်ဆင်ထားပါ ကင်မ်ထယ်ယောင်း..။
စိတ်ထဲတွင် ဟက်ခနဲ လှောင်ပြုံး ပြုံးလိုက်သည်။အပြင်မှာတော့ ထုတ်မပြ...။
"ကြိုဆိုပါတယ် Mr.Jeon....ကိုယ်တိုင် ထွက်မကြိုမိလို့လည်း တောင်းပန်ပါတယ်..."
အကြည့်လွဲှလိုက်ပြီး လက်ကမ်းပေးလာသော သူကိုကြည့်လိုက်တော့ အသားဖြူဖြူ မျက်လုံးမှေးမှေးနဲ့ လူတစ်ယောက်...။ကြည့်ရတာ CEOထင်တယ်...။
ထို့ကြောင့် ဂျောင်ဂု ကမ်းပေးသော လက်ကို ဆုပ်ကိုင်လိုက်ပြီး....
"ဟုတ်ကဲ့...စိတ်ထဲမထားပါဘူး..ဒါဆို ကျွန်တော်တို့ အလုပ်ကိစ္စ ဆွေးနွေးကြမလား...."
လေယူလေသိမ်းက ကြားရသူအဖို့ ရှိန်လောက်အောင် သြဇာကြီးမားလွန်းသည်။
ထို့နောက် ကင်မ်ထယ်ယောင်းရဲ့ ဆန့်ကျင်ဘက် ခုံမှာအသာဝင်ထိုင်လိုက်သည်။
"ကုမ္ပဏီအကြောင်းလေး တစ်ချက်ပြောပြပါ...."
"ဟုတ်ကဲ့..ကျွန်တော်တို့ ကုမ္ပဏီက အနောက်တိုင်း၊အရှေ့တိုင်းနဲ့ အလယ်ဥရောပအထိ ချိတ်ဆက်ထားပါတယ်...အရှေ့တိုင်းမှာဆို ဂျပန်၊ဟောင်ကောင်နဲ့ ချိတ်ဆင်ထားပြီး အလယ်ဥရောပမှာဆို ဂျာမနီ၊အီတလီပေါ့..အနောက်တိုင်းမှာဆို ပြင်သစ်၊အမေရိကတို့နဲ့ ချိတ်ဆက်ထားပါတယ်...။ကျွန်တော်က CEOမင်ယွန်းဂီပါ..။ပြီးတော့ ဟိုဘက်ထိုင်နေတဲ့ တစ်ယောက်က အမေရိကဌာနမှူး မင်ချယ်ယောင်းဖြစ်ပြီး သူ့ဘေးက တစ်ယောက်က ဂျာမနီဌာနမှူး ကင်မ်ထယ်ယောင်းပါ....ကုမ္ပဏီရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်လက်ရုံးပေါ့.."
CEOဆိုသော သူမိတ်ဆက်ပေးမှုကြောင့် မျက်နှာဆိုင်ဘက်ကို ကြည့်လိုက်တော့ သူ့အား ပြုံးရွှင်စွာ ကြည့်နေသော မိန်းကလေး တစ်ယောက်နှင့် အခုထိ အံ့သြစွာ ကြည့်နေသော ကင်မ်ထယ်ယောင်း.။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...