❣Final❣

3.6K 182 4
                                    

Unicode

ပြန်လည်အခြေချမိတ့ဲ ဘာလင်။ခပ်ညိုညို အဆောက်အဦးတွေက မပြောင်းလဲပဲ လှပနေတုန်း။ခပ်လေးလေး လျှောက်လှမ်းနေတ့ဲ ခြေလှမ်းတွေရ့ဲ ဦးတည်ရာက Hamburg Gateကြီးဆီ။

ဘာလင်ကို ရောက်တိုင်း သူ့ကိုသတိရသည်။ခပ်တည်တည်၊ ဆူပုပ်ပုပ်ရုပ်လေး မျက်နှာ​ဘေးလေးန့ဲ သူခေါ်ရာကို တကောက်ကောက်လိုက်ခ့ဲတ့ဲ ​ကောင်လေးကို သတိရသည်။ တင်းမာနေတ့ဲ ဆက်ဆံရေးကြီး ပြေလျော့သွားခ့ဲ ဒီဘာလင်မြေ။

တွေးကြည့်မိရင် မနေ့ကဖြစ်ခ့ဲသလိုပဲ။အချိန်တွေက ကုန်တာမြန်လိုက်တာ။ သဘောကျလှတ့ဲ ဂျာမနီကို နောက်တစ်ကြိမ် အခြေချမိတော့ သိပ်ချစ်လွန်းတ့ဲသူက ဘေးနားမှာ ရှိမနေဘူး။ဝမ်းနည်းဖို့တော့ ကောင်းသား။

ပြောင်းလဲသွားတ့ဲ ကံကြမ္မာတွေကြား နေသားကျအောင် ကြိုးစားနေထိုင်တာတောင် ကျင့်သားမရသေးဘူး။လွမ်းတယ်...သိပ်ကိုလွမ်းတယ်။သူ့ကိုပေါ့။

အတွေးလွန်ပြီး ရောက်မှန်းမသိ ရောက်လာတာ Hamburgဂိတ်ကြီးရှေ့။ အနားက ထိုင်ခုံလေးမှာ ထိုင်ပြီး ရှုပ်ရှက်ခက်နေတ့ဲ လူအုပ်ကြီးကို အကြောင်းပြချက်မ့ဲစွာ ကြည့်နေမိသည်။ရာသီဥတုကလည်း အေးတော့ ဝတ်လာတ့ဲ အနွေးထည်လေးထဲ လက်လေးထည့်ထားလိုက်သည်။

ထိုအချိန် သူ့မြင်ကွင်းထဲကို ဝင်လာတာ ကောင်လေးနှစ်ယောက် ကြင်နာစွာ နမ်းနေတ့ဲ မြင်ကွင်း။နူးနူးညံ့ညံ့နမ်းနေတာ ဘေးကသူတွေကိုတောင် မေ့နေလေခြင်းလား။အနမ်းကို အဆုံးသတ်ပြီး နဖူးချင်းထိကာ တစ်ယောက်န့ဲတစ်ယောက် ကြင်နာစွာ စိုက်ကြည့်နေကြသည်။

ထိုမြင်ကွင်းကို မြင်တော့ ရင်ထဲတနှုပ်နှုပ်ဖြစ်လာသည်။ မျက်ဝန်းထဲလည်း မျက်ရည်တွေ ရစ်သိုင်းလာသည်။ဒီအချိန်မှာ သူသာရှိနေရင် ကိုယ်လည်းအခြားသူတွေလို ကြည်နူးနိုင်မှာ။သူသာရှိနေရင် အေးနေတ့ဲ ကိုယ့်လက်လေးတွေကို အာငွေ့ပေးနေမှာ။နီရဲနေတ့ဲ ကိုယ့်နှုတ်ခမ်းသားကို သူကမြတ်မြတ်နိုးနိုးန့ဲ နမ်းရိုှက်နေမှာ။

အခုတော့ ဘေးမှာ သူမရှိနေဘူးလေ...။အကြောင်းရင်းကို လက်မခံချင်ပင်မ့ဲ အမှန်ဖြစ်နေတာတော့ ခံရခက်လှသည်။ခံရခက်လာတ့ဲ စိတ်တို့ကြောင့် ဖုန်းကိုထုတ်ပြီး Contact Nameတစ်ခုကို နှိပ်လိုက်သည်။

Yet To Come [Completed]Where stories live. Discover now