Unicode
ရုံးခန်းက ထိုင်ခုံမှာ ဖင်တကြွကြွန့ဲ ထိုင်မရ၊ထမရ ဖြစ်နေတ့ဲ ထယ်ယောင်း။ဒီနေ့ ဂျောင်ဂုရုံးလာမယ် ဆိုလို့ မနက်အစောကြီးတည်းက ရုံးကိုရောက်နေတာ။ညကလည်း ဂျောင်ဂုန့ဲ အတူတူ ဂျာမနီ သွားရမယ်ဆိုတ့ဲ အတွေးန့ဲ အပျော်လွန်ပြီး တော်တော်န့ဲ အိပ်မရ။မနက်ကြတော့လည်း ထူးထူးဆန်းဆန်းကို အစောကြီးပွင့်နေတ့ဲ မျက်လုံးကြာင့် အချိန်မဆွဲပဲ ရုံးကိုလာခ့ဲတာကြောင့် Eiskaffee တောင် မသောက်လိုက်ရ။
အစောကြီးမို့လို့ လူတောင်သိပ်မရှိသေး.....။အချိန်တွေကလည်း အခုမှ ကြာနေသလိုပဲ။တွေ့ချင်လွန်းတ့ဲ မျက်နှာကို တွေ့ရမှာ အ့ဲလောက်တောင် ကြာရသလား။ဒါပေမယ့် ထယ်ယောင်း စိတ်မညစ်ပါ။လွန်ခ့ဲတ့ဲ ရှစ်နှစ်န့ဲစာရင် မပြောပါ့လောက်ပါဘူး...။
စောင့်ရင်းန့ဲ အချိန်တော်တော်ကြာတော့ အခြားဝန်ထမ်းတွေသာ ရောက်လာတယ်။ဂျောင်ဂုက ရောက်မလာသေး။မနက်က ဘာမှမစားခ့ဲတာကြောင့် ထယ်ယောင်း ဗိုက်ဆာလာပြီ ဖြစ်သည်။
ထို့ကြောင့် ကုမ္ပဏီကန်တင်းထဲသွားပြီး မနက်စာစားလိုက်သည်။ဂျောင်ဂုကို ဆက်စောင့်နေရင် သူ့အစာအိမ်က ခံနိုင်တော့မှာမဟုတ်။စတော်ဘယ်ရီနို့လေးန့ဲ ပေါင်မုန့်လေး ကိုင်ပြီး ရုံးခန်းထဲ ပြန်ဝင်လာတော့ တရုံးလုံး နီးပါးရောက်နေပြီ။ဂျောင်ဂုရုံးခန်းကို မျှော်လင့်ချက်တကြီးကြီး လှမ်းကြည့်မိတော့ ထိုင်ခုံလေးက ပိုင်ရှင်မ့ဲ။
ရူံးချိန်တောင် ရောက်နေပြီကို ဂျောင်ဂုက ဘာလို့ရောက်မလာသေးတာလဲ။သေချာပေါက် ဒီနေ့ရုံးတက််မယ်လို့ ပြောခ့ဲတယ်မလား။တခုခုများ ဖြစ်နေလို့လား...။
စိတ်ပူတာရော စိတ်ဓာတ်ကျသွားတာရောကြောင့် ထယ်ယောင်း မှိုင်သွားရပြီး ထိုင်ခုံပေါ်မှာ ငူငူကြီး ထိုင်မိသည်။
"အကိုဂျောင်ဂု လာမှာပါ..စိတ်မပူပါန့ဲ "
ဘေးက ဂျီမင်းက ကိုယ့်အကြောင်းသိဟန်... ပုခုံးကို ပုတ်ပေးပြီး အားပေးစကားပြောသော်လည်း ထယ်ယောင်း စိတ်မပြေနိုင်။ဒီနေ့ ဂျောင်ဂုကို သေချာပေါက် တွေ့ရမယ်လို့ မျှော်လင့်ထားတာ....။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...