Unicode
ထယ်ယောင်းတို့ တစ်ဌာနလုံး တုပ်တုပ်မလှုပ်ရဲကြ။ဂျောင်ဂုက ရောက်လာတည်းက ဘာကိုအလိုမကျမှန်းမသိ။မြင်မြင်သမျှကို မျက်စိဆံပင်မွှေးဆူးဟန် အော်ဟစ်နေတာ။
ဂျောင်ဂုရဲ့ အခုလို ပုံစံဟာ မြင်ရခဲသည်မို့ ထယ်ယောင်းရှိန်မိတာကြောင့် အလုပ်စားပွဲလေးမှာ ထိုင်ပြီး လှုပ်တောင် မလှုပ်ရဲ။ဘေးက ဂျီမင်းကလည်း ထိုနည်းတူပင်..။အခုမှ အရမ်းတွေ အလုပ်ကြိုးစားပြနေသော ဝန်ထမ်းကောင်းလေးလို ကွန်ပြူတာနဲ့ မျက်လုံးနဲ့ မခွာတော့..။ကီးဘုတ်ပေါ်မှာ ပြေးလွှားနေသော လက်ချောင်းလေးတွေဟာလည်း ကတုန်ကယင်ဖြင့်..။
ထယ်ယောင်း အသာခေါင်းစောင်းငဲ့ကြည့်လိုက်တော့ မနက်ထဲက စစ်နေတဲ့ စာရင်းကို အခုထိ စစ်နေတုန်းပင်။ထယ်ယောင်း ရယ်ချင်သော်လည်း အံ့ကိုကြိတ်ကာ အောင့်ထားလိုက်သည်။
တော်ကြာ...ကိုယ်ပါ အမဲခံရလို့ မဖြစ်..။အမေရိကပြန် ကုမ္ပဏီ ဒါရိုက်တာဝင် ဖြစ်တဲ့သူကြီးဟာ အရင်ကလို မပြောင်းသေးပဲ ကလေးကျနေတုန်းပဲ....။သူ့ရှေ့မှာ သွားပြောလို့လည်း မဖြစ်။တော်ကြာ ကိုယ်ပါ အော်ဟောက်ခံနေရမှဖြင့်....။
အခုလည်း ဌာနက ကောင်မလေးတစ်ယောက်ကို ကော်ဖီဖျော်ခိုင်းနေတာ..။ကောင်မလေးမှာ ကော်ဖီခွက်လေး တစ်ခွက်ပြီး တစ်ခွက်ကိုင်ပြီး ခေါက်ထုပ်ခေါက်ပြန် ခေါင်းလေးတကုတ်ကုတ်ဖြင့် ဂျောင်ဂုရုံးခန်းထဲ ဝင်လိုက်ထွက်လိုက် ဖြစ်နေသည်မှာ ဘယ်နှကြိမ်မြောက်လဲ မသိတော့..။မှန်နံရံပဲ ခြားသည်မို့ ထယ်ယောင်း အကုန်မြင်နေရသည်။
လာချပေးသော ကော်ဖီကို တစ်ငုံမျှသောက်ပြီး မဲ့ကြုတ်သော မျက်နှာထားဖြင့် ထိုကောင်မလေးကို ဆူနေဟန်....။ထို့နောက် တခုခုကို မျက်နှာထား တင်းတင်းဖြင့် ပြောနေဟန်..။ပြောရင်း ထယ်ယောင်းဘက်ကို လှည့်ကြည့်လာသည်မို့ ထယ်ယောင်းမှာ ကြောက်ကြောက်လန့်လန့်ဖြင့် အကြည့်ခွာပြီး ကွန်ပြူတာကိုသာ ကယောင်ကမှား နှိပ်နေမိသည်။
ထိုကောင်မလေးက ခေါင်းလေးတကုတ်ကုတ်ဖြင့် ပြန်ထွက်လာပြန်သည်။ဒီတခါ ကောင်မလေးရဲ့ ဦးတည်ရာက နားနေခန်းမဟုတ်ပဲ ထယ်ယောင်းဆီ ဖြစ်တာကြောင့် ထယ်ယောင်း ခါးလေးမတ်ခနဲ ဖြစ်သွားရသည်။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...