❣29❣

2.1K 174 5
                                    

Unicode

ဆူပွတ်လာသော သွေးတို့ကြောင့် ဘာကိုမှ မမြင်တော့ပဲ ခြေလှမ်းကျဲကြီးတွေဖြင့် ရှေ့ကရုပ်ညံ့စရာ မြင့်ကွင်းဆီ လျှောက်သွားလိုက်သည်။

အပေါ်က အုပ်မိုးထားတ့ဲ ဂျာမနီကောင်လို့ တွန်းဖယ်လိုက်တော့ နည်းနည်းယိုင်သွားပင်မ့ဲ လဲတော့မကျသွား။ထိန်းမရသော ဒေါသကြောင့် ကော်လံစကိုဆွဲပြီး ထိုးရန် ပြင်လိုက်တော့ သူ့လက်ကို လာကိုင်တ့ဲ ထယ်ယောင်း။

"မလုပ်န့ဲ ဂျောင်ဂု...
မင်းမှားမယ်"

ဪ....သူ့အကောင်ကို ထိမှာကို အ့ဲသလောက်တောင် ကြောက်တာလား။မျက်နှာငယ်လေးန့ဲ ခေါင်းတခါခါ တောင်းဆိုနေလိုက်တာများ ဝင်ရှုပ်ကိုယ်က ဗီလိန်ကြီးလို...။ခုနကထိ သူ့အပေါ်စိတ်ရှိသေးတယ်လို့ ရူးတောင်တောင် အထင်မှားခ့ဲတ့ဲ ကိုယ့်ကိုကိုယ် ဟားတိုြက်ပီး အော်ရယ်ချင်လိုက်တာ...။

မှားနေတာ ငါမဟုတ်ဘူး...မင်းကွ ကင်မ်ထယ်ယောင်းရ့ဲ။

"လာ...သွားမယ်"

ဟိုကောင့်ကို လွှတ်ပြီး ကင်မ်ထယ်ယောင်းလက်ကို ဆောင့်ဆွဲကာ အခန်းက ထုတ်မယ်အလုပ်...

"ခဏလေး...ငါ့ခြေထောက်"

ခြေကျင်းဝတ်ကို ကိုင်ကာ ညီးနေတ့ဲ ကင်မ်ထယ်ယောင်းကို စိတ်မရှည်တော့တာကြောင့် ကောက်ပွေ့လိုက်ပြီး ထွက်လာလိုက်သည်။

ဟိုဂျာမနီကောင် ဘယ်လိုကျန်ခ့ဲမလဲတော့ မသိ။သူန့ဲ နောက်မှ စာရင်းရှင်းမည်။လူကြီးလူကောင်းရုပ်န့ဲ သူများအပိုင်ကို ကြောင်တောင်နှိုက်လိုက်မယ်လို့ တကယ်မထင်ခ့ဲ။ကင်မ်ထယ်ယောင်းက ဘယ်လိုမြူဆွယ်ကောင်းလို့လဲ မသိ။ရုံးခန်းတောင် မရှောင်နိုင်ပဲ ဖြစ်ပျက်နေလိုက်ကြတာ။

ထိုသို့တွေးမိတိုင်း ကင်မ်ထယ်ယောင်းကို ဒေါသထွက်လှသည်။မဟုတ်ဘူး....သောက်မှတ်မရှိတ့ဲ သူ့ကို်ယ်သူပဲ ဒေါသထွက်သည်။သူမေ့နေတာ...ခြံခုန်စရှိတ့ဲ နွားက အချိန်တွေ ဘယ်လောက်ကြာကြာ ဘယ်တော့မှ မပြောင်းလဲဘူးဆိုတာကို မေ့နေခ့ဲတာ။

ကင်မ်ထယ်ယောင်းရ့ဲ အပြင်ပိုင်းကိုပဲ ကြည့်ပြီး သောက်မှတ်မရှိပဲ သူ့ဆီ ပျော်ဝင်သွားသေးတာ။သောက်မှတ်မရှိတ့ဲ အသည်းနှလုံးက သူ့ကိုချစ်နေခ့ဲသေးတာ။သောက်မှတ်မရှိတ့ဲ အသိတရားက သူ့ကိုယုံကြည်နေခ့ဲသေးတာ။ခဲမှန်ဖူးတ့ဲ စာသူငယ်ဖြစ်နေတာကြောင့် သောက်မှတ်မရှိပဲ သူ့နားမှာ တဝဲလည်လည် လုပ်နေသေးတာ။အ့ဲဒါကြောင့် ထင်ပါရ့ဲ...ဒီတစ်ခါ ပစ်လိုက်တ့ဲ ခဲဟာ ဒဏ်ရာဟောင်းကို သွားမှန်တော့ အသည်းခိုက်အောင်ကို နာတာ။

Yet To Come [Completed]Where stories live. Discover now