❣5❣

2.2K 170 2
                                    

Unicode

မျက်လုံးထဲက စီးကျသွားတဲ့ မျက်ရည်တစ်စက်ဟာ ခုံပေါ်သို့ ပေါက်ခနဲ...။

နှစ်တွေ ဘယ်လောက်ကြာကြာ တွေးမိတိုင်း ရင်နာနေတုန်းမို့ ယွန်းဂီဆက်မတွေးနိုင်တော့..။အလုပ်အချိန်ကြီး ငိုလို့မဖြစ်ဘူးမဟုတ်လား...။မျက်ရည်တွေကို သုတ်လိုက်ပြီး ရှေ့ကစာရွက်တွေကို ယူကြည့်လိုက်သည်။

အင်း...ရှယ်ယာ၃၅ရာခိုင်နှုန်း...ပြီးတော့ ဂျာမနီဌာနမှာ..။မင်းအစား ငါစိတ်ကျဉ်းကြပ်လိုက်တာ ထယ်ယောင်းရာ...။တောင်းပန်မိသလို အားလည်းနာမိတယ်..။ငါတကယ် ဂျွန်ဂျောင်ဂုဆိုတာ မသိခဲ့တာပါ...။အခုအချိန်ကလည်း ဘယ်လိုမှနောက်ဆုတ်လို့ မရတဲ့အခြေအနေမို့...။CEOအမည်ခံထားပြီး အဖေလက်ညိုးညွှန်ရာ လုပ်နေရတဲ့ အလုပ်သမားမို့ မင်းကို မကြည့်ပေးနိုင်တာ တောင်းပန်ပါတယ်။ ဒီအချိန် မင်းဘယ်လိုတွေတောင် ဖြစ်နေမလဲ...။တောင်းပန်ပါတယ် ထယ်ယောင်း..။

ဘယ်တော့မှ မယုံကြည်တော့ဘူးလို့ သတ်မှတ်ထားတဲ့ ကံတရား...။တစ်ခါလောက်ပဲဖြစ်ဖြစ် ထယ်ယောင်းအပေါ် သက်ညှာမှု ရှိခဲ့ရင် မင်းကို တစ်သက်လုံး ကိုးကွယ်မိမယ်ထင်တယ်....။
.
.
.

လျှောက်နေတဲ့ ခြေထောက်တွေ မယိုင်သွားအောင် သတိထားနေရသည်။မွန်းကြပ်နာကျင်လွန်းနေတဲ့ စိတ်ကိုလည်း အပြုံးတို့နဲ့ ဖုံးဖိထားရသည်။ကုမ္ပဏီမှာ မဟုတ်လား။အားနည်းချက် ရှိသူမို့ အမြဲသူများထက် သာအောင်ကြိုးစားခဲ့ရတာ..။ဂုဏ်မောက်ချင်လွန်းလို့ မဟုတ်ပဲ အားနည်းချက်ရှိတဲ့ ကိုယ့်ကို မဖိနှိပ်သွားအောင် ကြိုးစားရှင်သန်နေခဲ့တာ..။

ပြန်လာတော့လည်း ရုတ်တရက်ကြီးပါလား ဂျောင်ဂု..။ဒါပေမယ့် ငါပျော်တယ်သိလား..။ငါမင်းကို ဘယ်လောက်တောင် လွမ်းနေလိုက်လဲ...။အဲ့ဒီမျက်လုံးဝိုင်းဝိုင်းလေးကို ပြန်မမြင်ရတော့ဘူးတောင် ထင်ထားတာ...။အရင်ကလို ကြင်နာရိပ်တွေ ပြည့်မနေပင်မဲ့ အေးစက်စက်မျက်ဝန်းတွေကလည်း ငါ့ကို ကျေနပ်စေပါတယ်....။ကြိုဆိုတယ်နော် ဂျောင်ဂု...။အကယ်လို့ ငါ့ကိုလက်စားချေချင်တယ်ဆိုလည်း ငါကျေကျေနပ်နပ်ကြီးကို ခံယူပစ်မှာ...။မင်းအပေါ် အပြစ်ကျွေး ဆပ်တဲ့ အနေနဲ့ပေါ့...။

Yet To Come [Completed]Where stories live. Discover now