Unicode
ထယ်ယောင်းနေ့လည်စာစားပြီး ဌာနကိုပြန်လာတော့ ဂျီမင်းကမရောက်သေး။ဒီအတွဲက အခုလိုသွားရခဲသည်မို့ အခွင့်အရေးရတုံးလေး အပြည့်အဝယူတာလည်း မဆန်းပေ။
ထယ်ယောင်း စားပွဲမှာထိုင်ပြီး အလုပ်ပြန်လုပ်ဖို့ ကွန်ပြူတာကို အဖွင့်....။အရှေ့တည့်တည့်မှာ ကပ်ထားတဲ့ စာရွက်လေး..။ထယ်ယောင်း ဆွဲခွာပြီး ယူကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ စာတိုလေး....
|သတိထားနေ....|
ခြိမ်းခြောက်စာလို စာတိုလေးကြောင့် ထယ်ယောင်းအံ့သြသွားရသလို ဘေးဘီကို ဝေ့ဝဲကြည့်လိုက်တော့ အားလုံးသူ့အလုပ်လုပ်နဲ့သူ။
ဒါဆို ဒီစာကို ဘယ်သူထားသွားတာလဲ..။ ဂျီမင်းကလည်း ပြန်မရောက်သေးတော့ မေးလို့မရ။လူချစ်လူခင်များပြီး သဘောကောင်းတဲ့ ထယ်ယောင်းလို လူမျိုးကို အားလုံးကသဘောကျကြသည်။ကုမ္ပဏီမှာ တာဝန်ထမ်းဆောင်လာတဲ့ တစ်လျှောက် ဒီလိုစာမျိုးရတာ ပထမဆုံးပင်။
မသိစိတ်ရဲ့ လှုံ့ဆော်မှုကြောင့် ဂျောင်ဂုရုံးခန်းကို လှည့်ကြည့်လိုက်သော်လည်း ဂျောင်ဂုကရှိမနေ။ဒီအတွင်း ထူးဆန်းတာတွေနဲ့ပဲ ကြုံနေရသည်။ဒါကြောင့် ဂျောင်ဂုကို သံသယဝင်မိနေတာ...။ဒါပေမယ့် ဒီလက်ရေးက ဂျောင်ဂုလက်ရေးမဟုတ်...။ဒါဆို ဘယ်သူလဲ။ဘယ်သူမို့လို့ ဒီလိုစာမျိုးပို့ရတာလဲ။ဒီလိုပို့ရအောင်လည်း ဘယ်သူနဲ့မှ ရန်ငြိုးရန်စမရှိနေပါ။
တွေးရင်းနဲ့ ခေါင်းခြောက်လာရသည်မို့ ထယ်ယောင်း စာရွက်လေးကို လုံးချေပြီး ဘေးက အမှိုက်ပုံးထဲ ပစ်လိုက်သည်။
အင်း....တစ်ယောက်ယောက်က နောက်ပြောင်တာမျိုးပဲ ဖြစ်မှာပါ...။
.
.
.
ညောင်းညာနေသော ဇက်ကြောကို ပြေလို့ပြေငြား အကြောဆန့်လိုက်သည်။တချိန်လုံး အာရုံစိုက်နေရသော မျက်လုံးအစုံကို လက်ဖြင့်အသာနှိပ်ပေးလိုက်သည်။နာရီကို ကြည့်လိုက်တော့ ရုံးဆင်းချိန်တောင် ရောက်နေပြီ။ဒီနေ့လည်း အချိန်ဟာ ကုန်ဆုံးမှန်းမသိ ကုန်သွားပြန်ပြီ။ဌာနထဲတောင် လူသိပ်မရှိတော့။ဂျီမင်းကတော့ သူ့ရဲ့ Silent Dateကို လက်လေးတစ်ကိုက်ကိုက်ဖြင့် ရင်ခုန်နေဟန်...။မျက်နှာကြီးကို ပြုံးဖြီးနေရော...။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...