❣33❣

2K 139 4
                                    

Unicode

"ကျန်းမာရေး ဂရုစိုက်နော် အန်တီကတ်သရင်း"

မျက်ရည်စတွေ တွဲခိုနေတ့ဲ အန်တီကတ်သရင်း လက်လေးကို အုပ်မိုးကိုင်ပြီး ပြောလိုက်တော့ မျက်ရည်စက်လေးက သူ့လက်ပေါ် ပေါက်ခနဲ ကျလာသည်။ဘေးကသူတွေ အကုန်လုံးကလည်း မျက်ရည်တွေ ဝဲလို့...။

အခုလို ပုံစံကို မြင်ရတော့ ရင်ထဲတကယ်စို့နစ်သည်။ခင်မင်ခ့ဲတ့ဲ အချိန်အတိုင်းအတာဟာ တိုတောင်းပင်မ့ဲ အချိန်တိုအတွင်း မိသားစုလို နေထိုင်ခ့ဲကြတာမလား။ကိုယ့်အပေါ်ကောင်းခ့ဲတ့ဲ ဂျာမန်တွေန့ဲ အခုလို ခွဲခွာရတော့လည်း ရင်ထဲမကောင်း။

"Barretလေးလည်း ကျန်းမာရေး ဂရုစိုက်နော်...
ဒိီကိုလည်း မကြာမကြာ လာလည်ပါနော်...
အန်တီတို့်ကိုလည်း မေ့မသွားန့ဲနော်...."

မျက်ရည်ဆက်လက် ပြောနေတ့ဲ အန်တီကတ်သရင်းကို သိမ်းကြုံးပွေ့ဖက်လိုက်သည်။

မငိုပါန့ဲ အန်တီရယ်...ကျွန်တော်တို့ ခွဲခွာရတာ ကောင်းသော ခွဲခွာခြင်းပါ။

"စိတ်ချပါ...ကျွန်တော် မကြာမကြာ လာလည်ပါ့မယ်..
အန်တီ့တို့ကိုလည်း ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး"

ဝမ်းနည်းစွာပြောရင်း နှစ်ယောက်သား ဖက်ပြီးငိုလိုက်ကြသည်။

"ထယ်...သွားရအောင်လေ..
လေယာဉ်ချိန်နီးနေပြီ"

လက်မောင်းကိုကိုင်ပြီး သတိပေးလာတ့ဲ ဂျောင်ဂုကြောင့် ဖက်ထားရာမှ ခွာလိုက်ပြီး မျက်ရည်တွေ သုတ်လိုက်သည်။

"ကျွန်တော် သွားတော့မယ်နော် အန်တီ..
အားလုံးလည်း ကျွန်တော် သွားတော့မယ်နော်.."

ခဏတာအတွင်း မိသားစုလို ခင်မင်ခ့ဲတ့ဲ သူတွေကို နှုတ်ဆက်ပြီး သူကျောခိုင်းလိုက်သည်။ သူတို့ရ့ဲ မျက်ရည်တွေ မကြည့်နိုင်တော့တာမို့။

ထားခ့ဲရသူပဲဖြစ်ဖြစ် ကျန်ခ့ဲရသူပဲဖြစ်ဖြစ် ခွဲခွာမှုဆိုတ့ဲ အရသာကိို ထပ်တူခံစားရတာတွေကြီး။ကိုယ့်ဘဝထဲက ကိုယ်မြတ်နိုးတ့ဲ အရာတခုခု ထွက်သွားရင် ခံစားရတ့ဲ နာကျင်မှုကို သူကောင်းကောင်းကြီး သိပင်မ့ဲ နေသားမကျသေးဘူး။အထီးကျန်မှုက ပြင်းထန်တာမို့ ဘယ်တော့မှ တစ်ယောက်တည်း မရှင်သန်ချင်ဘူး။

Yet To Come [Completed]Where stories live. Discover now