❣9❣

2.1K 162 2
                                    

Unicode

"ဝါး...မွှေးနေတာပဲ...ကောင်းကောင်းစားပါ့မယ်"

အကိုဆော့ဂျင်နဲ့ ယွန်းဂီတို့ လက်စွမ်းပြထားတဲ့ ဟင်းတွေကို အကိုဆော့ဂျင်ဆိုင်လေးမှာပဲ စားလိုက်ကြသည်။ဟင်းအနံ့နဲ့တင် ဆွဲဆောင်နေတာကြောင့် ထယ်ယောင်းနဲ့ ဂျီမင်း ဟင်းပွဲက မျက်လုံးမခွာတော့.....။

"မွှေးရမယ်လေ...ဘယ်သူချက်ထားတာ မို့လို့လဲ.."

"ကျွန်တော် ချက်ထားတာလေ"

"အောင်မယ်...ငါလည်းပါ ပါတယ်နော်..."

"အင်း ဘေးကနေ ပေါက်ပေါက်ဖောက်လေ...တစ်ခုခုလုပ်ခိုင်းနီးတိုင်း အခါတစ်ရာလောက် မေးနေတာ.."

"ဒါဆို မင်းတစ်ယောက်တည်း ချက်ထားတာလား.. ပြော.."

"ဟုတ်တယ်လေ...ကျွန်တော် တစ်ယောက်တည်း ချက်ထားတာပဲလေ..."

"ဒီမှာ ဖြူစုတ်ကောင်......"

"ဘာလဲ ဘဝင်လေဟပ်နေတဲ့ အကိုကြီး..."

တစ်ယောက် တစ်ခွန်းနဲ့ အချေအတင် ဖြစ်နေကြသော ဆော့ဂျင်နဲ့ ယွန်းဂီကို ထယ်ယောင်းနဲ့ ဂျီမင်းမှာ တူလေးတွေ ကိုက်ပြီး ဟင်းပွဲကို နှိုက်ရမလိုလို ထသတ်တော့မဲ့ သူတို့ကို ဆွဲရတော့မလိုလိုနဲ့ ဟိုကြည့်ဒီကြည့်ဖြင့် ဗျာများနေကြသည်။

ဒီနေ့ ထမင်းရော စားရပါ့မလား...ဟူး...

"တော်..တော်ကြပါတော့...နှစ်ယောက်လုံးချက်ထားတာ ဟုတ်ပြီလား...ကျွန်တော်တို့ စားပါရစေတော့..."

အချေအတင် ဖြစ်နေတဲ့ နှစ်ယောက်ကို ဂျီမင်းက ဝင်ဖြေတော့ တိတ်သွားကြသည်။ဒါတောင် အကြည့်ချင်း စစ်ထိုးနေကြသေးသည်။

"ရော့..ဘေဘီလေး အသားများများစား ဒါမှ အကောင်ထွားမှာ..."

"အောင်မယ်...မင်းဟာပဲ အသက်ရှိတာလား...ရော့ ထယ်ယောင်း များများစား ဒါမှ သူ့ဘေဘီလေးကို ကိုင်ပေါက်နိုင်တာမှာ..."

ဆော့ဂျင်က ယွန်းဂီ့ကို မျက်စောင်းတစ်ချက်ထိုးရင်း ထယ်ယောင်း ပန်းကန်ထဲ အသားဟင်း လှမ်းထည့်ပေးသည်။
ထယ်ယောင်းနဲ့ ဂျီမင်းကတော့ ထိုမြင်ကွင်းက ရိုးနေပြီ ဖြစ်သောကြောင့် မနိုင်ဘူး ဆိုတဲ့ သဘောဖြင့် ခေါင်းတခါခါဖြင့်...။

Yet To Come [Completed]Tahanan ng mga kuwento. Tumuklas ngayon