❣2❣

2.4K 176 0
                                    

Unicode

"ငါတို့ လမ်းခွဲရအောင် ဂျောင်ဂု...."

သူ့စကားကိုဖြတ်ကာ ရုတ်တရက်ကြီး ပြောလိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု အသက်လုရှုနေရာမှ ဆတ်ခနဲမော့လိုက်တော့ ထယ်ယောင်းက မျက်လုံးသေတွေဖြင့် ကြည့်နေသည်။

"ထယ်...မင်းဘာပြောလိုက်တာလဲ.."

"ငါတို့ လမ်းခွဲရအောင်လို့...."

မယုံကြည်နိုင်လွန်းလို့ ထပ်မေးလိုက်တော့ ထယ်ယောင်းရဲ့ မျက်လုံးသေတွေက မပြောင်းလဲ ထိုစကားပဲထပ်ဆိုသည်။

ဂျောင်ဂု တစ်ချက်ပြုံးကာ ထယ်ယောင်းပခုံးနှစ်ဖက်အား ဆုပ်ကိုင်လိုက်ပြီး...

"ထယ်...မင်းဘာတွေပြောနေတာလဲ...ဘာလဲ နောက်နေတာလား...ဒါကနောက်စရာမဟုတ်ဘူး ထယ်..ငါမင်းကို ပြောစရာစကားတွေ အများကြီးရှိတယ်..."

မဟုတ်ဘူး မလား ထယ်...မင်းနောက်နေတာမလား...မင်းကဘာလို့ငါ့ကို အဲ့လိုပြောရမှာလဲ...မဖြစ်နိုင်တာ..။

နှုတ်ခမ်းထက်က ပြုံးနေပင်မဲ့ စိတ်အစဉ်မှာရော ခေါင်းထဲမှာပါ မေးခွန်းတွေများနေပြီး အငြင်းစကားတွေနဲ့သာ ပြည့်လာသည်။

သိူ့သော် ထယ်ယောင်းက ပုခုံးကို ဆုပ်ကိုင်ထားတဲ့ ဂျောင်ဂုလက်တွေကို တစ်ချက်စောင်းကြည့်ပြီး ခါချလိုက်သည်။

"ငါ နောက်နေတာမဟုတ်ဘူး ဂျောင်ဂု...တကယ်ပြောနေတာ..ငါတို့လမ်းခွဲရအောင်..ဒါဟာ တောင်းဆိုမဟုတ်ပဲ အသိပေးနေတာ...ငါတို့တကယ်ပြီးပြီ..."

ဂျောင်ဂုစိတ်ထဲ မယုံကြည်နိုင်ခြင်း များစွာနှင့် ရင်အစုံဟာ ပေါက်ထွက်မတတ် တင်းကြပ်လာတာကြောင့် မျက်ရည်တွေဝဲလာကာ ခေါင်းအသွင်သွင် ခါမိတော့သည်..။

ထို့ကြောင့် မျက်နှာသေဖြင့် ကြည့်နေသော ထယ်ယောင်းလက်ကို ဆွဲယူဆုပ်ကိုင်လိုက်ပြီး...

"ထယ်..ရုတ်တရက်ကြီး ဘာလို့လဲ...ဘာလို့ငါနဲ့ လမ်းခွဲချင်ရတာလဲ...ငါတို့ဖြတ်သန်းခဲ့တဲ့ ကာလကနည်းတာမှ မဟုတ်တာ...ထယ်..ငါ့ကိုနောက်နေတာဆိုလည်း တော်တော့...ငါခံနိုင်ရည်မရှိဘူးဆိုတာ မင်းသိတယ်မလား...လာ အိမ်ပြန်မယ်..."

Yet To Come [Completed]Where stories live. Discover now