❣27❣

2K 167 0
                                    

Unicode

ဂျောင်ဂု ခြေထောက်တွေ ညောင်းနေပြီဖြစ်သည်။စထွက်တုန်းက ပေါက်ပေါက်ဖောက်နေတ့ဲ ထယ်ယောင်းက အခုကြတော့ ရှေ့ကနေ သရဲလိုက်သလို လျှောက်နေတာများ စစ်ဘေးရှောင်လို။

ဘတ်စ်ကားလည်းမစီး၊တက်စီလည်း မစီးန့ဲ လမ်းလျှောက်ခေါ်လာပြီး သူ့နောက်ကို မှီအောင်လျှောက်ရတာကြောင့် ဂျောင်ဂုစိတ်ပေါက်ပေါက်န့ဲ လက်ကို လှမ်းဆွဲလိုက်တော့ မျက်လုံးလေး ပြူးပြီး လှည့်ကြည့်လာသည်။

"ဘယ်လိုဖြစ်လို့ မြန်မြန်လျှောက်နေတာလဲ...
ငါညောင်းနေပြီ"

အမှန်တော့ ကော်ဖီဆိုင်မှာ ဂျောင်ဂုပြောခ့ဲတ့ဲ စကားကြောင့် ရှက်ယမ်းယမ်းပြီး ဂျောင်ဂုန့ဲ မျက်နှာချင်းမဆိုင်နိုင် ဖြစ်နေတာ။အ့ဲဒါကြောင့် ရှေ့ကနေ သုတ်သုတ်လျှောက်နေတော့ နောက်က ဂျောင်ဂု ဘယ်လိုပါလာလဲတောင် မသိ။

"ဟို...ညနေစောင်းတော့မယ်လေ..
ငါတို့ မြန်မြန်သွားမှ တော်ကာကျမယ်လေ၊
အ့ဲဒါကြောင့်ပါ..."

"ဒါဆိုလည်း ငါကိုစောင့်လေ...
ငါလမ်းမသိဘူးလို့ ပြောထားတယ်လေ.."

"အ...အင်း..ဒါ...ဒါဆိုလည်း..သွားကြတာပေါ့"

"စကားတွေ ထစ်ပြီး ဘယ်လိုဖြစ်နေတာလဲ...မှန်းစမ်း..
နေမကောင်းဘူးလား"

ပြောရင်းန့ဲ ဂျောင်ဂုက နဖူးကိုလာစမ်းတာကြောင့် ထယ်ယောင်းအသက်ပင် အောင့်ထားမိသည်။လက်ကို လှမ်းဆွဲထားတာကြောင့် နေရခက်နေပါတယ်ဆိုမှ အခုလိုကြီး ပြုမူတော့ တစ်ကိုယ်လုံး ပူထူလာသလို ခံစားမိသည်။

ပြောတော့ ဂျောင်ဂုန့ဲ အဆင်ပြေအောင် လုပ်မယ် ဘာညာန့ဲ အခုတော့ဖြင့် ဒီနေရာမှာပင် အငွေ့ပျံသွားချင်သည်။

"အာ..ဘာမှမဖြစ်ပါဘူး...
သွားကြရအောင်လေ...အချိန်လင့်လို့ မဖြစ်ဘူး"

နဖူးပေါ်က ဂျောင်ဂုလက်ကို ဆွဲဖယ်ရင်း အရှေ့ကနေ သွားမယ်ပြင်တော့ ဂျောင်ဂုက လက်ကိုဆွဲရုံတင်မက လက်ကိုပါ ဆုပ်ကိုင်လာတော့ ထယ်ယောင်း ကြက်သီးတွေပါ ထလာရသည်။အ့ံသြမှုန့ဲအတူ နွေးထွေးမှု၊စိတ်လှုပ်ရှားမှုပါ တစပ်တည်း ခံစားလိုက်ရသည်။ရင်တွေလည်း ပရမ်းပတာ ခုန်နေသည်။

Yet To Come [Completed]Where stories live. Discover now