❣25❣

2.1K 176 3
                                    

Unicode

ဒီပိတ်ရက်ကျော်တာန့ဲ ဂျာမနီသွားရတော့မည် ဖြစ်တာကြောင့် ထယ်ယောင်း အဝတ်အစားတွေ တစ်ခါတည်း ထုတ်ထားသည်။သွားရမှာ သဘက်ခါမှဆိုပင်မ့ဲ ထယ်ယောင်းကတော့ ဘယ်နေရာရောက်ရင် ဘာဝတ်မယ်၊ဘယ်လိုတွေ လုပ်မယ်ဆိုတာကို တွေးပြီး အပျော်လွန်ကာ အခုတည်းက စီစဉ်နေခြင်း။

သွားရမှာ သုံးရက်ထဲဆိုပင်မ့ဲ ယွန်းဂီက ခွင့်နှစ်ရက်ပေးပြီး ပိတ်ရက်ပါဆက်သွားတာကြောင့် ဂျာမနီမှာ စိတ်ကြိုက်လည်ဖို့ အိတ်ကအကြီးကြီး။အညိုရောင် အိတ်လေးထဲမှာတော့ စာရွက်စာတမ်းတချိူ့န့ဲ ဂျောင်ဂုပေးထားတ့ဲ ကင်မရာလေးပါ ထည့်လိုက်တော့ ဂျာမနီမှာ အပီလည်ပတ်ဖို့ ပြည့်စုံသွားပြီ။

မနက်အစောကြီးထဲက ထလုပ်နေတာ ဘာမှမစားရသေးတာကြောင့် မနက်စာစားရန် ပြင်နေတုန်း တံခါးဘဲလ်သံကြောင့် သွားဖွင့်ပေးရပြန်သည်။သေချာပေါက်ကို ပတ်ဂျီမငး်ကို အတွဲပဲနေမှာ....

"ဟင်...ဂျောင်ဂု..."

ဂျီမင်းတို့အထင်ဖြင့် တံခါးဖွင့်လိုက်တာန့ဲ ဟောက်မယ်ပြင်လိုက်တ့ဲ ထယ်ယောင်းဟာ သူ့ရှေ့မှာ ရပ်နေတ့ဲဂျောင်ဂုကြောင့် ဟောက်မ့ဲအလုံးတောင် ပြန်ဝင်သွားရသည်။

"ဧည့်သည်ကို အိမ်ထဲတောင် ပေးမဝင်ဘူးလား"

ထယ်ယောင်းအ့ံသြပြီး ကြောင်ကာရပ်နေတုန်း ဂျောင်ဂုအသံကြားမှ သတိဝင်ကာ...

"မဟုတ်ပါဘူး...ဝင်ပါ"

ထယ်ယောင်းဖယ်ပေးလိုက်တော့ ဂျောင်ဂုက အထဲဝင်ကာ ဧည့်ခန်းနားက ခုံမှာ ကောက်ထိုင်လိုက်ပုံက သူ့အိမ်သူ့ရာလိုပင်....။

ဘယ်လိုဖြစ်ပြီး သူ့အိမ်ကိုသိပြီး ရောက်လာလဲ ထယ်ယောင်းမသိပင်မ့ဲ ကိုယ့်အိမ်ကို တကူးတက လာတာကြောင့် ထယ်ယောင်း ဧည့်ဝတ်ပျူငှါစွာ မေးလိုက်သည်။

"ဂျောင်ဂု ဘာစားပြီးပြီလဲဟင်...
အိမ်မှာ ကော်ဖီလည်း မရှိတော့ နွားနို့သောက်မလား..."

"ကလေးကလားန့ဲ...မသောက်ပါဘူး..."

"အားနာလိုက်တာ...ငါ့အိမ်မှာလည်း အ့ဲဒါပဲရှိတာ.."

"တော်ပြီ..ငါမင်းဆီလာတာ စားဖို့မဟုတ်ဘူး...
အလုပ်ကိစ္စရှိလို့..."

Yet To Come [Completed]Where stories live. Discover now