Unicode
"ကမ်း....ပေး..!!"
ခွက်ချင်းတိုက်သံတွေန့ဲ ဂျာမနီဌာနကလူတွေရ့ဲ ဝမ်းသာအားရအသံတွေက စားသောက်ဆိုင်အတွင်း ဟိန်းခနဲ။ဘူဆန်ကအဖိုး ပရောဂျက်မှာ ထယ်ယောင်းန့ဲဂျီမင်းရ့ဲ ကြိုးပမ်းမှုကြောင့် ဂျာမနီဌာနက နိုင်ခ့ဲတာကြောင့် အခုလို တစ်ဌာနလုံး ညစားစာ စားပွဲကို ကျင်းပနိုင်ခြင်းပေ။
စားပွဲခုံ အရှည်ကြီးပေါ်မှာ အရသာရှိရှိ အစားအသောက်တွေက အပြည့်အလျံှ။စိတ်ကြိုက်ဆိုတာတ့ဲ လက်မတွန့်တမ်း ပျော်ပျော်ရွှင်ရွှင်န့ဲ သူနိုင်ကိုယ်နိုင် အပြိုင်ဆွဲနေကြသော မိမိဌာနသားတွေကို စားပွဲထိပ်ဆုံးမှာ ထိုင်နေတ့ဲ ထယ်ယောင်းဟာ သဘောတကျကျ ကြည့်နေခ့ဲတယ်။အစားတင်မက....။အသောက်ဆိုလည်းအကုန် ကြွက်တွင်းတွေချည်း...။စားပွဲတင်ထားတ့ဲ ဆိုဂျူပုလင်းတွေ၊ဘီယာဗူးတွေဆိုတာလည်း အလျှံအပယ်။
ထယ်ယောင်းကတော့ Forgetfulnessရောဂါန့ဲ မတည့်တာန့ဲရော နဂိုတည်းက မသောက်နိုင်တာရောကြောင့် ထိပ်ဆုံးမှာ ထိုင်ပြီး ကိုလာခွက်လေးဖြင့်...။သူ့လက်ထောက် ပတ်ဂျီမင်းကတော့ သူများက ကြွက်တွင်းတစ်တွင်းဆို သူက နှစ်တွင်းလောက်ဝင်တ့ဲအမျိုး။သူ့ဘေးက ခုံမှာထိုြင်ပီး ဘီယာသောက်လိုက် လေပေါလိုက်ဖြင့်...။
ပရောဂျက်ရလဒ် ကြေညာတုန်းက ကျန်တ့ဲဌာနတွေအားလုံးက ဂုဏ်ပြုပေးတာကြောင့် ထယ်ယောင်းအပျော်လွန်ပြီး သူ့မျက်နှာချင်းဆိုင်က မင်ချယ်ယောင်းဆီ မျက်လုံးရောက်မိတော့ မင်ချယ်ယောင်းက လက်ခုပ်သာတီးပေးနေပင်မဲ့ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ် ကိုက်ထားတာကို မြင်လိုက်ရသည်။
ပရောဂျက်တခုခုရှိတိုင်း ထယ်ယောင်းတို့ဌာနဟာ အနို်င်များတာကြောင့် မင်ချယ်ယောင်းက သူ့ကို အမြင်မကြည်တာ ထယ်ယောင်းအရင်တည်းက သိသည်။တစ်ခါကဆို စာရင်းတွေကို မလိမ့်တပတ်လုပ်ပြီး ထယ်ယောင်းတို့ဌာနကို ချောက်ချသေး..။ကံကောင်းချင်တော့ ထယ်ယောင်းက သူ့ရောဂါကြောင့် အမြဲစာရင်းတွေကို Laptopထဲ ထည့်ထားတာကြောင့် စာရင်းအမှန်ကို ပြနိုင်ခ့ဲလို့ပေါ့...။မင်ချယ်ယောင်းက ယွန်းဂီရ့ဲ တစ်ဝမ်းကွဲညီမဖြစ်နေတာကြောင့် သူ့အပေါ် ဘယ်လိုပဲ မကံကောင်းကြံပါစေ ယွန်းဂီ့မျက်နှာတစ်ခုတည်းနဲ့ သည်းခံပေးခ့ဲတယ်။ယွန်းဂီက သူ့အပေါ် အများကြီး ကောင်းခ့ဲတယ်လေ။
YOU ARE READING
Yet To Come [Completed]
Fanfictionအကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... အကောင်းဆုံးအခိုက်အတန့်ဆိုတာ ငါ့ဘေးမှာ မင်းရှိနေမှ ပြည့်စုံသွားတာမျိုး..... [Myanmar language =Unicode+Zawgyi] Fanfiction Jeon Jung Kook(Top) Kim Tae Hyung(Bottom) Start Date...