❣21❣

2K 166 0
                                    

Unicode

ညနေရောက်တော့ အကိုဆော့ဂျင်ရဲ့ဆိုင်လေးမှာ ထယ်ယောင်းရောဂါ သက်သာလာခြင်း အထိမ်းအမှတ်န့ဲ တစ်ဝိုင်းနွဲကြသည်။အကိုဆော့ဂျင်က ပျော်လွန်းတာကြောင့် သူ့ဆိုင်ကို နေ့တစ်ဝက်ပိတ်ရုံမက ထိုဝိုင်းကို သူကျွေးမယ်လုပ်နေတာကြောင့် ထယ်ယောင်းမနည်းတားရသေး။

ကိုယ်က ကျွေးမ့ဲလူလေ....။ဆိုင်ကို နေ့တစ်ဝက် ပိတ်ပေးတာတောင် အားနာလှပြီ။ယွန်းဂီကတော့ ဝမ်းသာကြောင်း ပြောလိုက် ဝဲတက်လာတ့ဲ မျက်ရည်လေးတွေ သုတ်လိုက်န့ဲ အလုပ်ကိုရှုပ်နေရော..။ဂျီမင်းက ကလေးဆန်တာကြောင့် ဗြဲကနဲ အော်ငိုတာလို့ ယွန်းဂီရော ထယ်ယောင်းရော မနည်းချော့ရသည်။

ဒါတောင် သင်းလေးက မတိတ်...။အကိုဆော့ဂျင် ပိတ်ဟောက်လိုက်မှ ကြောက်ကြောက်န့ဲ တိတ်သွားတာ..။အခုတော့ နှစ်ယောက်လုံး ပြန်သွားပြီ။ထယ်ယောင်းလည်း သူတို့လေးယောက်လုံး စားသောက်ထားတ့ဲဟာတွေကို အကိုဆော့ဂျင်န့ဲ အတူရှင်းပေးဖို့ နေခ့ဲလိုက်သည်။

ထယ်ယောင်းကသာ ထမင်းတွေသိမ်းလိုက်၊ စားပွဲတွေသုတ်လိုက်၊ကြမ်းတိုက်လိုက်သာ လုပ်နေတာ။အကိုဆော့ဂျင်ကတော့ ဖုန်းကိုကြည့်ပြီး တပြုံးပြုံးန့ဲ...တစ်ချက်တစ်ချက် ထထရယ်နေသေး...။

"အကိုဆော့ဂျင်...ဟာသကားတွေ ကြည့်နေလို့လား"

ထယ်ယောင်းမနေနိုင်လို့ မေးမိလိုက်တော့ ဆော့ဂျင်က ဖုန်းကြည့်နေရင်းမှ မော့ကြည့်လာသည်။

"မဟုတ်ပါဘူးကွာ...ဒီအတိုင်းပါပဲ..."

"ဘာမဟုတ်တာလဲ...မဟုတ်မှ ရည်းစားတွေ ဘာတွေများရနေတာလား..."

ထယ်ယောင်းခါးလေးထောက်ကာ မျက်လုံးလေး မှေးစင်းပြီး တရားခံစစ်သလို မေးလိုက်တော့ အကိုဆော့ဂျင်က မျက်လုံးတွေ ပြူးကျယ်လာပြီး...

"မင်းက ဘယ်လိုသိတာလဲ..."

ထယ်ယောင်းက ဒီအတိုင်းမေးလိုက်ပင်မ့ဲ တကယ်လန့်ဖြန့်သွားပြီး တအ့ံတသြပြောလာတ့ဲ ဆော့ဂျင်ကြောင့် ထယ်ယောင်းလည်း အ့ံသြသွားရသည်။

သူ့လောက် ဘယ်သူမှ မချောလို့ ဘယ်သူ့ကိုမှ စိတ်မဝင်စားပါဘူးဆိုတ့ဲ အကိုဆော့ဂျင်လို လူမျိုးကို ပြုစားသွားတာ ဘယ်သူများပါလိမ့်။သေချာတာကတော့ ဒီလူဟာ တော်တော်ကို ထူးဆန်းတ့ဲ လူပဲဖြစ်မယ်..။

Yet To Come [Completed]Where stories live. Discover now