Part(1)

5.4K 76 1
                                    

"သခင်တစ်ပါး၏ မုန်းမာန်"

Part (1)
------------
------------

အေးစက်လွန်းတဲ့မိုးရေစက်တွေက ဇီ ကိုယ်ပေါ်ကျနေပေမဲ့ ဇီ့ရင်ထဲကအပူမီးကိုတော့မငြိမ်းသက်နိုင်ပါ.....။
ဖြူလွှလွှအုတ်ဂူလေးရှေ့က မြက်ခင်းစိမ်းပေါ်ကိုဇီဒူးထောက်လျက်သားကျမိသွားခဲ့သည်။

"ဘာကြောင့်လဲ!! ဘာကြောင့်လဲ!! ဦးရယ်"

ဇီအရှေ့ကအုတ်ဂူဖြူဖြူလေးထက်မှာတွေ့လိုက်ရတာက

"သတိုးသိုက်
အသက်(၃၆)နှစ်"
တဲ့လား....

■ဒါကအိပ်မက်တွေမှတ်လားဟင်!!
ဟုတ်တယ်မှတ်လား ....
လာကယ်ကြပါဦး!!
တစ်ယောက်ယောက်ကပဲဖြစ်ဖြစ် ဒီအိပ်မက်ဆိုးကြီးကနေ ဇီကိုနိုးထနိုင်အောင် လှုပ်နှိုးပေးကြပါလားဟင်.....
ဒါတွေကအမှန်မဟုတ်ဘူးလို့တစ်ယောက်ယောက်ကလာပြောပေးပါလား!!
ဇီရင်ဘတ်ထဲအရူးမီးဝိုင်းနေပြီ!!

ဇီမိုးရေတွေနဲ့အတူငိုနေမိပေမဲ့ မိုးရေထဲမှာကျတဲ့မျက်ရည်တွေကို မိုးစက်လားမျက်ရည်လားဆိုတာ ဘယ်သူကခွဲခြားနိုင်မှာလဲ!!
နောက်ဆုံးထွက်သက်ထိ ဦးပြောခဲ့တဲ့စကားအတိုင်းလုပ်သွားခဲ့တာပဲလေ....

"မုန်းတယ်"တဲ့လားဦးရယ်....

နောက်ဆုံးအချိန်မှာပြောသွားတဲ့စကားက"မင်းကိုမုန်းတယ်"တဲ့လား...

■ဇီကတော့ချစ်တယ် ဦး ......
ဦးနဲ့ဆန့်ကျင်ဘက်ရပ်ဝန်းမှာအမြဲရပ်တည်ခဲ့တဲ့ဇီကလဲ ဦးနောက်ဆုံးအချိန်ထိ ဇီချစ်တယ်!!

"အချစ်ကလူတွေကိုရူးသွပ်သွားစေတယ်"တဲ့

လူတွေပြောပြောနေကြတဲ့စကားကိုအစကမယုံကြည်ပေမဲ့ ဦးကိုစတွေ့မိချိန် ဦးရဲ့မျက်ဝန်းနက်တွေကိုရင်ဆိုင်မိချိန်ထဲက ဇီ ယုံသွားတာပါ ဦးရယ်.....

"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား"

--------------------------------
--------------------------------

လျင်မြန်ချင်ဇောနဲ့အမြန်မောင်းနေတဲ့ ဦးရဲ့ကားလေးနောက်ကို ဇီ အတင်းအနောက်ကနေလိုက်မိသည်.....။
ဦးကကားထဲမှာဟိုမိန်းမနဲ့အတူရှိနေတာလေ....။
ဇီ ပြောချင်တဲ့စကားတွေအတွက် ဦးကားနောက်ကအသဲအသန်လိုက်ပေမဲ့ ဦးကားကတော့လုံးဝအရှိန်လုံးဝမလျော့။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now