Part(16)

435 15 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (16)
----------
----------

သိုက် ကုမ္မဏီပြန်ဆင်းနိုင်သလို
ဇီလဲခါးကဒဏ်ရာသက်သာလာကာလမ်းပြန်လျှောက်နိုင်နေပြီဖြစ်သည်။အရာအားလုံးကအရင်ကလိုပုံမှန်ပြန်ဖြစ်သွားပေမဲ့
ပုံမှန်မဟုတ်တော့သည်က ဦးနဲ့ဇီရဲ့ဆက်ဆံရေးပင်။
တနေ့တခြား ဦးကဇီ့ကို ပိုပိုဂရုစိုက်တတ်လာသည်က ဇီ့ကိုပိုရင်ခုန်စေသလို Peace စံအိမ်ကလူတွေပင် အမြဲကြည်နူးနေကြရသည်။
သူတို့သခင်နဲ့ သခင်မရဲ့ကြည်နူးဖွယ်အိမ်ထောင်ရေးအခြေအနေက သူတို့အတွက်တော့စိတ်ချမ်းသာဖွယ်ရာအတိပင်မဟုတ်လား။

"အဟင်း"

ဇီ ပစ္စည်းစာရင်းတွေစစ်ရင်းပြုံးလိုက်မိသည်ကို တွေဖြစ်အောင်တွေ့သွားသည်ကအလင်ပင်။

"သခင်မ ဒီရက်ပိုင်းအမြဲပြုံးနေတယ်နော်"

"ဒီလိုပါပဲ"

"သခင်လဲ အခုနောက်ပိုင်း သခင်မကိုအရမ်းဂရုစိုက်လာတယ်နော်....သခင်ကရုပ်တည်ကြီးနေတတ်ပေမဲ့ ပြောမဲ့သာပြောတာ အရမ်းroတတ်တာပဲ"

"အဟင်း...ဒါနဲ့ ဒီအပတ်သောကြာနေ့ ဦးမွေးနေ့ရှိတယ်...ဦးဖြစ်ချင်တာလေးကိုဒီညမေးပြီးပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ရအောင်အလင်..."

"ဟုတ်ကဲ့ပါ သခင်မ"

"သခင်မ"

အခန်းထဲရေးကြီးသုတ်ပြာဝင်လာတဲ့blackကြောင့်

"ဘာဖြစ်လာတာလဲblack"

"ဝဲဘက်လက်ခုံမှာပင့်ကူ တက်တူးထိုးထားတဲ့ လက်ပိုင်ရှင်တစ်ယောက် ကျွန်တော်တို့မိထားပါတယ်....အဲ့အကောင်က မနေ့ညက ကျွန်တော်တို့အဖွဲ့ပစ္စည်းသွားပို့မဲ့လမ်းကြောင်းပြမြေပုံUSBကိုခိုးဖို့လုပ်တုန်းဖမ်းထားတာပါ...ပြီးတော့ သူကReyဂိုဏ်းဘက်ကပါ"

"လာခဲ့ အဲ့အကောင်ဆီသွားမယ်...ဘယ်မှာထားထားလဲ!!!"

"Ziစံအိမ် မှာပါသခင်မ!!!"

~~~~~~~~~~~~~~~~~~~~~

>> Zi စံအိမ် <<

"ဘယ်သူခိုင်းတာလဲ"

"အဟက်!!!!!"

ဇီမြင်လိုက်ရတဲ့ဝဲဘက်လက်ခုံကတက်တူးက ဇီ့ကိုChinသုသာန်မှာလုပ်ကြံခဲ့သောသူတွေလက်ကတက်တူးပုံနဲ့အတူတူပင်။
ဇီ ထိုသူရဲ့ဆံပင်ကိုဆောင့်ဆွဲကာမေးနေပေမဲ့ Ziဂိုဏ်းသားတွေလက်ချက်မိထားကာတော်တော်အထိနာနေတဲ့ထိုသူက ဒဏ်ရာတွေကြားကနေဇီ့ကိုပမာမခန့်မဲ့ပြုံးတစ်ခုသာပြုံးပြနေသည်။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Donde viven las historias. Descúbrelo ahora