"သခင်တစ်ပါး၏မုန်းမာန်"
Part (4)
---------
---------"လူစုလိုက် black"
စံအိမ်သို့ရောက်သည်နှင့် ချက်ချင်းဆိုသလိုဇီလူစုခိုင်းလိုက်သည်နှင့် စံအိမ်ရှိဂိုဏ်သားများအားလုံးရောက်လာသည်က စံအိမ်ရဲ့ ဧည့်ခန်းထဲသို့ပင်။
၃နာရီခွဲနေပြီဖြစ်၍ဇီအတွက်အချိန်က နာရီဝက်မျှသာရှိတော့သည်။
ဒေါသတကြီးနဲ့ဧည့်ခန်းထဲဝင်လာသော ဇီ့ပုံစံကြောင့်ဧည့်ခန်းကထိုင်ခုံမှာ laptopတစ်လုံးနဲ့အလုပ်ရှုပ်နေသည့် လိုင်း အံ့ဩမိသည်ကအမှန်။"ဘာဖြစ်လာတာလဲ ဇီ"
လိုင်းရဲ့အမေးကိုမကြားသလိုလုပ်ကာပြန်မဖြေတော့ပဲ ဇီတစ်ယောက် ဧည့်ခန်းက စားပွဲပေါ်ပစ်ချလိုက်သည်က ဓားမြှောင်တစ်ချောင်း။
"ဘယ်သူလဲ!!!!"
အံကြိတ်သံကြီးနဲ့ သွေးအေးစွာပြောလိုက်သောဇီ့ကြောင့် လိုင်း အပါအဝင် ဂိုဏ်းသားအားလုံးရဲ့အကြည့်က ဇီပစ်ချလိုက်သော ဓားမြှောင်ပေါ်သို့သာ။
ထူးခြားသည့်အချက်က ထိုဓားမြှောင်သည် Ziဂိုဏ်းရဲ့အမှတ်အသားဖြစ်တဲ့ Dine ဓားမြှောင်တော့မဟုတ်ခဲ့ပေ။"နှစ်ခါမမေးချင်ဘူးနော်!!!!ကိုယ့်အပြစ်ကိုယ်ဝန်ခံလိုက်!!!!!"
ဇီစားပွဲပေါ်ပစ်ချလိုက်သည့်ဓားမြှောင်က ခုနကချင်သုသာန်မှာ ဇီ့ကိုလုပ်ကြံဖို့ပစ်လိုက်တဲ့ဓားမြှောင်ပဲဖြစ်သည်။
ဇီဂိုဏ်းသားအားလုံးကို စူးစူးစိုက်စိုက်ကြည့်ရင်းမေးလိုက်ပေမဲ့ လူများစွာရှိနေတဲ့ဧည့်ခန်းထဲမှာအပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်နေဆဲပင်။"ဒုန်း!!!!!ဘယ်သူလဲလို့ ငါမေးနေတယ်လေ!!!!"
အရှေ့က စားပွဲခုံကိုလက်သီးနဲ့ပြင်းပြင်းထိုးချကာဒေါသတကြီးအော်မေးလိုက်သည်နှင့် ဇီ့နားရင်းကအကြောတွေပါထောင်ထွက်လာရသည်။
အရမ်းဒေါသကြီးနေတဲ့ ဇီ့ကိုကြည့်ကာ တစ်ခုခုကြီးကြီးမားမားဖြစ်လာပြီမှန်း လိုင်းသိလိုက်ပေမဲ့ တစ်ချိန်မှာ Ziဂိုဏ်းကိုအုပ်ချုပ်မဲ့ သခင်မ မို့လို့ လိုင်း မည်သည်ကိုမှဟန့်တားခြင်းမရှိပဲ ဇီ့ကိုအာဏာအကုန်လွှဲလိုက်လေသည်။
YOU ARE READING
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်