"သခင်တစ်ပါး၏မုန်းမာန်"Part (18)
------------
------------ဇီ အိပ်ယာနိုးနိုးချင်းမျက်လုံးအဖွင့်မှာ မြင်လိုက်ရတဲ့ ဦးမျက်နှာချောချောလေးကြောင့် ဇီ့ရဲ့ မနက်ခင်းက ယခင်နေ့တွေကထက် ပိုလှပနေသလို ခံစားလိုက်ရသည်။
အနမ်းတစ်ပွင့်။ ဟုတ်ပါတယ် ဦးမွေးနေ့ဖြစ်တဲ့ မနေ့ကညက ဇီ ဦးဆီကနေ ပထမဆုံးအနမ်းလေး တစ်ပွင့်ကိုရရှိ ခဲ့သလို ပထမဆုံးအနေနဲ့ ဦးရင်ခွင်ထဲအိပ်ခွင့်ရခဲ့ခြင်းပင်။နွေးလိုက်တာဆိုတာလေ။
ပထမဆုံးအကြိမ်အဖြစ်ခိုလှုံခွင့်ရခဲ့တဲ့ ဦးရဲ့ရင်ခွင်က အရမ်းနွေးမှန်း အရင်က ဇီ လုံးဝမသိခဲ့ရပါ။
အမြဲတမ်းအမြဲတမ်းအတွက် ဦးရဲ့ဒီပထမဆုံးအနမ်းလေးနဲ့ ရင်ခွင်နွေးနွေးလေးကို ထာဝရအတွက်ဇီပိုင်ဆိုင်ချင်မိသည်။"အဟင်း"
ဇီ ဦးနှဖူးလေးကိုနမ်းပြီး အိပ်ယာမှထကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။
ဇီ ရေချိုးပြီးသည်နှင့် ဦးဝတ်မဲ့ဝတ်စုံနဲ့ ညက ဇီပေးခဲ့တဲ့မွေးနေ့လက်ဆောင်ဘူးလေးကိုပါ ဆိုဖာပေါ်မှာ အတူတူပြင်ပေးထားလိုက်သည်။ဇီကတော့ ဦးစားဖို့အတွက် မနက်စာပြင်ရန် အောက်ထပ်မီးဖိုဆောင်သို့ဆင်းလာလိုက်သည်။~~~~~~~~~~~~~~~~
သိုက် အိပ်ယာနိုးနိုးချင်း ဘေးကနေရာကိုလက်နဲ့စမ်းကြည့်ရာ မွေ့ယာကိုထိမိပြီးလစ်လပ်နေတဲ့အထိအတွေ့ကြောင့် သိုက်အိပ်နေရာမှထထိုင်လိုက်သည်။
"အဟင်း!!!!"
ချာတိတ်က သူ့အတွက်မနက်စာသွားပြင်နေပြီထင်သည်။
သိုက်နာရီကိုကြည့်မိတော့ ၇နာရီထိုးနေပြီမို့ ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။
သိုက်ရေချိုးပြီးသည်နှင့် ရေသုတ်နေရင်း အခန်းတွင်းဝေ့ကြည့်လိုက်ရာ ဆိုဖာပေါ်မှာနေရာယူနေသည်က သူ့အတွက်ဝတ်စုံနဲ့ ညကချာတိတ်ပေးတဲ့ မွေးနေ့လက်ဆောင်သာ။
လပ်ထပ်ပြီးသည့်နေထဲကဇီက နေ့တိုင်း သိုက်ဝတ်ဖို့အဝတ်အစားထုတ်ပေးထားပေမဲ့ သိုက်ကတော့ သူတို့၂ယောက်ပြေလည်ပြီးမှသာ သိုက်သူမလေးထုတ်ပေးတဲ့အဝတ်အစားတွေကိုယူဝတ်ခြင်းဖြစ်သည်။
ဒီနေ့လဲသူ့ချာတိတ်မလေးထုတ်ပေးထားတဲ့ဝတ်စုံကို သိုက်ဝတ်ဖြစ်သည်။
သူ့အတွက် သူမလေးကနေ့စဉ်နေ့တိုင်း မှာ ဇနီးကောင်းပီသစွာ တာဝန်ကျေသူဖြစ်နေခဲ့သည်မဟုတ်လား။
YOU ARE READING
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်