Part(12)

534 19 1
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (12)
----------
----------

"ဦး"

သိုက် ရုံးကပါလာတဲ့အလုပ်တွေကိုထိုင်လုပ်နေတုန်း ခေါ်သံကြောင့် Laptopနှိပ်နေတဲ့လက်တွေခဏရပ်သွားရသည်။
သိုက်ခေါင်းတော့မော့မကြည့်ဖြစ်ပေမဲ့
သိုက်ကို ထိုနာမ်စားခေါ်မဲ့သူက တစ်ယောက်ထဲသာရှိသည်မဟုတ်လား။

"Dimonကုမ္မဏီနှစ်ပတ်လည်နေ့အတွက်လေ ဖိတ်စာလာပေးသွားတယ်"

"အဲ့တော့"

"အဲ့ဒါလေ...ဇီကလေ...ဟို...ဟို..."

"ဘာတွေလာဟိုနေတာလဲ...မင်းသွားမှာမှတ်လား..သွားလေ....ငါ့ကိုဘာလာရှုပ်နေတာလဲ!!!!!!"

"ဇီတစ်ယောက်ထဲသွားလို့မရဘူး...သူတို့ကဦးကိုပါဖိတ်ထားတာ...အာ့ကြောင့်"

ဇီ့စကားကြောင့်သိုက်မျက်ခုံးပင့်သွားရသည်။

"အချိန်က"

"မနက်ဖြန် ည၇နာရီပါဦး"

"ပြင်ထားလိုက်"

"ဟုတ်ကဲ့"

သိုက်စကားကို ဟုတ်ကဲ့တစ်လုံးသာဖြေပြီးလှည့်ထွက်သွားသည့် သူမကျောပြင်ကိုကြည့်ပြီး သိုက်သူ့စိတ်သူနည်းနည်းဇဝေဇဝါဖြစ်သွားရသည်။

>>> ဘာလဲဟ...ငါကအဲ့မိန်းမနဲ့ပွဲအတူတူတက်ဖို့သဘောတူလိုက်တာလား...ထားပါ...သူနဲ့ငါလက်ထပ်ပြီးထဲက ဒါကပထမဆုံးပွဲမဟုတ်လား...အတွင်းမှာအဆင်မပြေရင်တောင်အပြင်ရုပ်ထွက်ကောင်းအောင်ကတော့ အဆင်ပြေအောင်နေရမှာပေါ့

သူတဖြည်းဖြည်းသိလာရသည်ကသူအခုတလော ရေးအိမ်ကိုသိပ်မသွားဖြစ်တော့ပေ။
မသွားဖြစ်ဘူးဆိုတာထက် တမင်မသွားမိအောင်နေနေခြင်းသာ။
သူကရေးအတွက်ချစ်သူကောင်းတစ်ယောက်မဖြစ်ခဲ့ပေမဲ့  သူကအိမ်ထောင်ရေးဖောက်ပြန်တတ်တဲ့မကောင်းတဲ့ယောက်ျားတစ်ယောက်တော့အဖြစ်မခံနိုင်ပေ။

>> မင်းကိုမချစ်ပေမဲ့....ပတ်ဝန်းကျင်မှာတော့ငါ့သိက္ခာငါထိန်းသင့်တယ်မှတ်လား

ဦးရဲ့'ပြင်ထားလိုက်'ဆိုတဲ့စကားကြောင့်ဇီပျော်သွားရသည်ကအမှန်။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Donde viven las historias. Descúbrelo ahora