Part(21)

500 12 0
                                    


"သခင်တစ်ပါး၍မုန်းမာန်"

Part (21)
----------
----------

>> ၂လ <<

၂လကျော်ကြာသွားပြီမို့ ဦးနဲ့ ထိုမိန်းမ ဇာတ်လမ်းက သတင်းတစ်ပုဒ်သာဖြစ်သွားပေမဲ့ ဇီနဲ့ဦးရဲ့ဆက်ဆံရေးကတော့ လုံးဝအမှောင်ကျသွားခဲ့သည်။
ဇီ ကိုယ်တိုင်ထိုသတင်းကိုပိတ်လိုက်ခြင်းပါ။
ဇီ့အတွက်သိက္ခာကျစရာမရှိခဲ့ပေမဲ့ ဦးရဲ့သိက္ခာကတော့ တော်တော်ကျသွားခဲ့လေသည်။
ထိုညက စံအိမ်ပြန်ရောက်တော့

"ဦး တောင်းပန်ပါတယ် ဦးကိုအချိန်နည်းနည်းပေးပါ...."

ဆိုတဲ့ ဦးရဲ့စကားကြောင့် ဇီ ထိုကိစ္စကိုလက်လျော့လိုက်သလို ဦးကိုလဲခပ်တန်းတန်းသာနေဖြစ်သွားတော့သည်။
ဦးမယုံလို့ ဦးကိုစိတ်ဆိုးလို့ ဇီ ဒီလိုမျိုးဆက်ဆံနေတာမဟုတ်ပါ။
ဦးရဲ့သိက္ခာနဲ့ ဦးရဲ့သစ္စာကိုဇီယုံကြည်ပေမဲ့ ဇီ့ကြောင့်ဦးကိုစိတ်အနှောင့်အယှက်မဖြစ်စေချင်ယုံသာ။

"ငါ သခင့်ကိုမယုံလို့မဟုတ်ပေမဲ့ ဒီပြဿနာမှာ နင် သခင့်ကို ကွာရှင်းသင့်တယ် ဇီ"

"ငါက ချစ်နေတာကိုး...ငါဦးကိုကွာရှင်းပေးရလောက်တဲ့အထိ ငါမှာသတ္တိမရှိသေးဘူး အလင်...ငါ ဦးကိုယုံတယ်...ငါ့ယောက်ျားကိုငါမှမယုံရင် ဘယ်သူကယုံမှာလဲ အလင်ရယ်"

အလင် သူမကိုတကယ်လက်လျော့လိုက်ပါပြီ။
ဟိုကိစ္စဖြစ်ပြီးထဲကအခုဆိုအယုတ်တမာမရွှေရေးရေးခြယ်ဆိုတဲ့မိန်းမက မျက်ရည်ခြူကာ မျက်နှာပြောင်တိုက်စွာ သခင့်နားမှာတောက်တဲ့လိုကပ်နေသလိုသခင်ကလဲ အိမ်ကိုတောင်ပြန်မလာတဲ့ရက်တွေကတဖြည်းဖြည်းစိတ်လာသည်။
အခုတလော တက်လာတဲ့သတင်းတိုင်းကလဲ သခင်ကဇီ့ကိုကွာရှင်းကာ ဟိုမိန်းမကိုပဲလက်ထပ်ထားသလိုလို
သခင်ကပဲဇီ့ကိုမိဘတွေအတင်းပေးစားလို့မယူချင်ယူချင်နဲ့ယူထားရလို့ ရည်းစားဟောင်းကိုမပြတ်တာတွေရော စုံတာမှတော်တော်စုံတာပါ။ဗူးအပေါက်တစ်ရာကိုပိတ်နိုင်ပေမဲ့ လူ့ပါးစပ်တစ်ပေါက်ကပိတ်ရခက်သည်မဟုတ်လား။

အခုလိုsocial mediaခေတ်မှာ mediaတွေကလဲ သတင်းဖြစ်ပြီးရော သူတို့ mediaလူစိတ်ဝင်မှုများဖို့ သူတို့mediaနမည်ကြီးဖို့သာ အလေးပေးကာ ဟုတ်တာတွေကော မဟုတ်တာတွေကော သတင်းအလုအယက်တင်ကြသည်။
ပိုဆိုးစေသည်က ထိုသတင်းတွေကို သခင်မ ကိုယ်တိုင်ကလဲမတားသလို
သခင်ကလဲသူ့အကြောင်းတင်နေတာမဟုတ်တဲ့အတိုင်းတုပ်တုပ်မျှမလှုပ်။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Tempat cerita menjadi hidup. Temukan sekarang