Final Part

1.7K 31 1
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (24)
••••••••OR••••••••
Final Part
-----------
-----------

After 3 years Later....

ဇီ အိပ်ယာကနေစောစောစီးစီးထလိုက်သည်က
ဒီနေ့က ဦးဆုံးတာ၃နှစ်ပြည့်တဲ့နေ့ တနည်းအားဖြင့် ဦးဇီ့အနားကထွက်သွားတဲ့နှစ်ပတ်လည်နေ့ပင်။

>>> ဘာလိုလိုနဲ့ဦး ဇီ့အနားကထွက်သွားတာတောင်၃နှစ်ပြည့်သွားပြီပဲ...
လွမ်းလိုက်တာ ဦးရယ်

ဆေးရုံကားပေါ်မှာ အသက်ရူဖို့ခက်ခဲနေခဲ့တဲ့ဦးရဲ့ပုံရိပ်တွေက ဇီ့အတွက်တော့မနေ့တနေ့ကလိုပင်။
အတိတ်တွေကို ပြန်သတိရမိတဲ့အချိန်တိုင်းဇီ့ရဲ့ပါးပြင်ပေါ်မှာ စိုစွတ်မှုတွေနဲ့အတူ မျက်ရည်တွေက စီးကျလာမြဲပင်။
ဇီမျက်ရည်တွေကိုသုတ်လိုက်ရင်း ဇီ့ ဘေးနားမှာကွေးကွေးလေးအိပ်နေတဲ့ သားရဲ့ပါးကိုဖွဖွလေးနမ်းပြီး  သားရင်ဘတ်နေရာလွတ်နေတဲ့စောင်လေးကိုသားအပေါ်ပြန်ခြုံပေးပြီး သားမနိုးအောင်ကုတင်ပေါ်က ဆင်းကာ ရေချိုးခန်းထဲဝင်လာလိုက်သည်။
လွန်ခဲ့တဲ့၃နှစ်က ဦးဓာတ်ပုံကိုပိုက်ရင်း သတိလစ်နေခဲ့တဲ့ဇီ့ဆီမှာ ဦးရင်သွေးလေးရှိနေခဲ့သည်တဲ့လေ။
စိတ်ထိခိုက်မှုတွေနဲ့ ကလေးလေးရှိနေခြင်းကြောင့် ဇီဆေးရုံပါတက်ခဲ့ရသည်။
ဦးကလေးလေးရှိနေမှန်းသိသိချင်းမှာပဲ ကလေးနဲ့အတူ ဦးအနောက်ကိုလိုက်သွားဖို့ ဇီမိုက်ရူးရဲဆန်စွာတွေးကာ မိုက်ရူးရဲဆန်တဲ့လုပ်ရက်တွေလဲလုပ်ခဲ့ဖူးသေးသည်။ဆေးရုံထပ်ခိုးပေါ်ကနေ ခုန်ချကာဦးအနောက်ကိုလိုက်သွားဖို့ကြိုးစားခဲ့ပေမဲ့
ဇီဆေးရုံတက်နေရလို့မြန်မာနိုင်ငံပြန်ရောက်နေခဲ့တဲ့ ဒယ်ဒီနဲ့Dadက ဇီ့ကိုသေချာဖြောင်းဖျခဲ့သည်။
ဦးအနောက်ကိုလိုက်ချင်တယ်ဆိုရင်တောင် ဇီ့ဗိုက်ထဲက ကလေးလေးကို မသနားဘူးလားတဲ့လေ
ဦးနဲ့ဇီရဲ့ကလေးလေးကိုလူ့လောကထဲခေါ်ခဲ့ပေးပြီး ဦးကိုအရမ်းချစ်နေခဲ့ပြီး ခွင့်လွှတ်ခဲ့တဲ့
အကြောင်းတွေကို တမလွန်ကဦးသိအောင် ပြောပြသင့်တယ်တဲ့လေ။
ထို့ကြောင့် ဇီ သားလေးကိုရအောင်မွေးခဲ့သည်။
အဖေမရှိပဲလောကထဲလူလာဖြစ်တဲ့သားလေးနဲ့ ယောက်ျားမရှိပဲ ကလေးတစ်ယောက်နဲ့ရပ်တည်ခဲ့တဲ့ ဇီကတော့ အခုချိန်မှာ၂ယောက်တစ်ဘဝပေါ့။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Onde histórias criam vida. Descubra agora