Part(2)

2.1K 32 0
                                    

"သခင်တစ်ပါး၏ မုန်းမာန်"

"Part (2)"
--------------
--------------

ဒီနေ့ဇီ မြန်မာနိုင်ငံကိုပထမဆုံးအနေနဲ့ရောက်လာခြင်းပင်...။
ပထမဆုံးရောက်လာခြင်းသည်က ကောင်းသောလာခြင်းတော့မဟုတ်ခဲ့။ ဒီညနေမှာကျင်းပမဲ့ မာမီ့စျာပနပွဲကိုလာခြင်းဖြစ်သည်။

သူမနမည်က   "ဇီလီယာဇန်"
ဇီအသက်၁၀နှစ်ထိ မာမီနဲ့အတူ ကနေဒါမှာနေခဲ့ရပေမဲ့
အသက်၁၀နှစ်ပြည့်အပြီးမှာတော့ ကနေဒါကအမျိုးသမီးကျောင်းမှာဇီ့ကိုထားခဲ့ကြပြီး မာမီကတော့ ဒယ်ဒီရှိနေတဲ့ မြန်မာနိုင်ငံကို ဒယ်ဒီ့ဆင့်ခေါ်ချက်ဖြင့်ပြန်သွားခဲ့ရသည်။
ကနေဒါကအမျိုးသမီးကျောင်းလို့ပြောလိုက်ရင် လူအများစုက
သာမန်စာသင်ကျောင်းလို့ထင်ကောင်းထင်နိုင်ပေမဲ့ ဇီနေခဲ့ရတဲ့ကျောင်းက  အင်မတန်ရက်စက်လွန်းသည့်ကျောင်းတစ်ကျောင်းသာ။
ဇီအပါအဝင်ဇီနဲ့မတိမ်းမယိမ်းကောင်မလေးတွေက အဲ့ကျောင်းမှာတိုက်ခိုက်ရေးတွေ လူသတ်နည်းတွေကအစ အဆိပ်ဖော်နည်းတွေပါသင်ရသလို လက်နက်မျိုးစုံကိုင်နည်းတွေပါသင်ရသည်။
ထို့အပြင် ကျောင်းစာအပြင်  ထမင်းဟင်းချက်နည်း
အက မိမိနှစ်သက်ရာ တူရိယာတမျိုးကိုတီးနိုင်ရန်သင်ယူခြင်းအပြင် အလှပြင်နည်းပါမကျန် မိန်းကလေးဆန်သည့်ပညာရပ်များကိုလဲသင်ကြရသေးသည်။
အဲ့ကျောင်း၌အရာအားလုံးက
'ဆုပေးဒဏ်ပေးစနစ်'
ဆုပေးခြင်းက ထိုက်ထိုက်တန်တန်ဖြစ်သလို ဒဏ်ပေးခြင်းကလဲ မိမိအသက်တစ်ချောင်းဖြစ်သွားနိုင်သည်။

ထိုကျောင်းရဲ့တည်ထောင်သူတွေကတော့ ဇီ့ဒယ်ဒီအပါအဝင်နိုင်ငံတကာက မူးယစ်ရာဇာကြီးများဖြစ်ကြသည်...။
သူတို့ရဲ့ဆက်ခံသူအဖြစ်မွေးဖွားလာသော သားသမီးများကို Deathအမျိုးသမီးကျောင်းနဲ့ Devilအမျိုးသားကျောင်းများသို့ပို့ဆောင်ကာ အသေအချာလေ့ကျင့်သင်ကြားပေးကြပြီး တစ်နေ့သူတို့နေရာကိုဆက်ခံစေသည်။
ထိုသို့သော ဆက်ခံသူတွေထဲမှာဇီတစ်ယောက်လဲအပါအဝင်ဖြစ်သည်။
ဇီလီယာဇန်ဆိုသည့် သူမကတော့  Ziမူးယစ်ဂိုဏ်းရဲ့ဆက်ခံသူ သခင်မ...။
ဇီ့အသက်ကအခုဆိုရင်၁၆နှစ် ဒယ်ဒီမာမီတို့နဲ့ဝေးကွာကာ ထိုသွေးအေးရက်စက်တတ်သော Death ကျောင်းမှာနေထိုင်ခဲ့သည်မှာ၆နှစ်ရှိချေပြီ ။
ဇီဒီကျောင်းကိုတက်နေရသည့်အကြောင်းကတော့ တစ်နေ့ဒယ်ဒီ့လုပ်ငန်းတွေဦးဆောင်ရန်အတွက်သာ....။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now