"သခင်တစ်ပါး၏မုန်းမာန်"
Part (6)
---------
---------သူမလေးခေါ်လိုက်တဲ့နမည်ကြောင့် သိုက်ရုတ်တရက်အံ့ဩသွားရသည်ကအမှန်ပင်...
"ဦး"တဲ့လား....
ထိုနာမ်စားလေးကို လွန်ခဲ့သောနှစ်တချို့က ချာတိတ်မလေးတစ်ယောက်ဆီကနေ ပထမဆုံးအနေနဲ့ သိုက် ကြားခဲ့ဖူးသည်လေ။
အခုက ဒုတိယအကြိမ်အနေဖြင့် သူကြားရခြင်းဖြစ်သည်။
သူမလေး ကမ်းပေးတဲ့တစ်ဖက်ကို သိုက်ပြန်လည်နှုတ်ဆက်ရင်း"မနောက်ကျပါဘူး ကျွန်တော်ကHotelကိုစစ်ရင်းနဲ့ကြိုရောက်သလိုဖြစ်နေတာပါ....ထိုင်ပါဦး"
သိုက်သူမလေးနဲ့လက်ဆွဲနှုတ်ဆက်ပြီးသည်နှင့် သူမလေးကိုထိုင်ခုံမှာထိုင်ရန်လက်အပြုအမူဖြင့်ပြလိုက်သည်။
"ဇီက ဦးကုမ္မဏီကshareဝင်ချင်တာ"
>>> နေပါဦး...
ဇီ ....
ဒီနာမည်ကိုသူသေချာရင်းနှီးနေသည်ပင်။
လက်ကိုင်ပုဝါပိုင်ရှင် ချာတိတ်မလေးနမည်ကရော ဇီ မဟုတ်လား။"ဒါနဲ့ ကျွန်တော်တို့တစ်နေရာမှာတွေ့ဖူးလားလို့"
"အဟင်း"
သိုက်ရဲ့မေးခွန်းအဆုံးမှာ ဇီဆီကနေခပ်တိုးတိုးရီသံလေးထွက်လေသည်။
>>>> ဦးရဲ့မေးခွန်းကြောင့် ဇီပျော်သွားရတယ်ဆိုရင် ရီစရာကောင်းနေမလား။
လွန်ခဲ့တဲ့၇နှစ်က chimသုသာန်မှာခဏတာ တွေ့ခဲ့ဖူးတဲ့ ဦးက ဇီ့ကိုမှတ်မိနေသေးတယ်တဲ့လား။ဇီ ဦးကိုရွေးချယ်မို့ဆုံးဖြတ်ခဲ့တာ မမှားဘူးပဲ
ဘာပဲဖြစ်ဖြစ်လေဦးစိတ်ထဲမှာအမှတ်တမဲ့တွေ့ဆုံခဲ့တဲ့ဇီကရှိနေသည်ပဲလေ။>>>ဘယ်လိုအနေအထားမျိုးနဲ့ဦးစိတ်ထဲဇီကတည်ရှိနေတာလဲ ဦး...ဇီသိချင်မိတယ်
ဇီရဲ့ခပ်ဖွဖွအပြုံးကြောင့်သိုက် လူမှားသွားသည်ထင်သည်။
"Sorryဗျာ!!!! ကျွန်တော်က ဒီကညီမကို ကျွန်တော်တွေ့ခဲ့ဖူးတဲ့ ချာတိတ်လေးတစ်ယောက်နဲ့တူလို့မေးကြည့်တာပါ...."
"အဟင်း....လောကကြီးမှာအချစ်နဲ့နွေးထွေးမှုမရှိတော့ရင်တောင် ကိုယ်လုပ်မှရမဲ့အလုပ်နဲ့တာဝန်တွေကို မဖြစ်မနေလုပ်ရမှာပဲလေ"
VOCÊ ESTÁ LENDO
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်