Part(13)

567 13 0
                                    


"သခင်တစ်ခါး၏မုန်းမာန်"

Part (13)
----------
----------

ပူပြင်းတဲ့နေမင်းကြီးရဲ့လွမ်းမိုးမှုအောက်
သူရောက်နေတာက ဘေးပတ်လည်ဖုန်တောတွေနဲ့လမ်းမကြီးတစ်ခု။
သူငေးကြည့်မိတော့ မျက်လုံးအမြင်တစ်ဆုံးမိုးကုတ်စက်ဝိုင်းအစွန်းထိ အဆုံးမရှိတဲ့ထိုလမ်းမကြီး။
အရိပ်အာဝါသ ဆိုတာဘယ်ဆီဘယ်ဝါမှာမှန်းတောင်သူမသိတော့။
ဒါကဘယ်နေရာလဲ။
ပူပြင်းတဲ့နေရဲ့လောင်မြိုက်မှုက သူ့ကိုပိုမိုမောပန်းစေသည်ကအမှန်။ဒါပေမဲ့လဲ သူ မလျော့တဲ့ဇွဲ လုံ့လတွေနဲ့ ထိုလမ်းကြီးကိုဆက်လျှောက်နေဆဲပင်။

>>>>ဒါဘယ်နေရာလဲ....။

ကိုယ့်ကိုယ်ကိုဒုတိယအကြိမ်မြောက်မေးခွန်းဆုံးသည်နှင့်အဆုံးမရှိတဲ့လမ်းမကြီးကိုကြည့်ပြီး ပူလောင်တဲ့နေပြင်းအောက် သူဒူးထောက်ကျသွားလေပြီ။
မောပန်းစွာဒူးထောက်ကျနေတဲ့သူ့ကိုမွန်းကြပ်လေးလံမှုတွေကလဲသူ့ကိုတတိတိ တိုက်စားနေဆဲ။

"ဦး!!!!!"

တိုးလျသောအသံဆိုပေမဲ့ သူကြားမိသည်ကပြတ်သားလှစွာ။

"ဟင်!!!ချာတိတ်.....ချာတိတ်လား"

>>>ချာတိတ် ဘယ်မှာလဲ....သွေးတွေ ဟုတ်တယ်...ချာတိတ်သွေးတွေနဲ့...ကလေး....ကလေး

"တီ....တီ....တီ...တီ"

အဆက်မပြတ်မြည်သံနဲ့ မျဉ်းရဲ့အကွာအဝေးတွေစိတ်လာကာ Screenမှာပြနေတဲ့ မူမမှန်နှလုံးခုန်နှုန်းတွေက Reyဂိုဏ်းဒေါက်တာတွေကိုအံ့ဩသင့်စေသွားသည်။

"သခင်....သခင်!!!!"

ထိတ်ထိတ်ပြာပြာနဲ့ သိုက်ပုခုံးကိုလှုပ်နေပေမဲ့ မြည်သံတွေကမရပ်ဆဲသေးသလို သခင်ဖြစ်တဲ့သိုက်ကလဲအသိမကပ်သေးပေ။
တစ်ဖက်ခန်းမှာလဲ သေနတ်ဒဏ်ရာဓားဒဏ်ရာတွေနဲ့သွေးထွက်လွန်နေသည်မို့ Ziဂိုဏ်းdoctorတွေအသက်လုနေရသည်က သခင်မ ဇီလီယာဇန်။အလင်နဲ့blackရောက်သွားတဲ့အချိန်မှာ သူ့တို့ထက်ဦးစွာရောက်ပြီး လုပ်ကြံသူတွေကိုသေနတ်နဲ့ပစ်သတ်ကာ သခင့်ကိုကုန်းပိုးလျက် သူ့ကားဆီထမ်းပြေးလာတဲ့ nedetသခင်လေး ခရစ်ကိုတွေ့လိုက်ရသည်။
သခင်မရဲ့သတိမလစ်ခင်တောင်းဆိုမှုကြောင့် သခင်လေး ခရစ်က သခင့်ကိုအရင်ကယ်ခဲ့တာဖြစ်ပေမဲ့
တောထဲမှာသူတို့တွေ့လိုက်ရသည်က သွေးအိုင်ထဲ ဓားဒဏ်ရာ သေနတ်ဒဏ်ရာတွေနဲ့ အသိစိတ်မရှိတော့ပဲ လဲကျနေသည်က သူတို့ သခင်မ ။
လက်မောင်းထဲဝင်နေတဲ့ကျည်ဆန်ကိုထုတ်ကာ ခါးကဒဏ်ရာကိုချုပ်ပြီးနေပေမဲ့လဲ သွေးထွက်လွန်နေခဲ့မှုကြောင့် သတိလုံးဝမရသေးပဲ သခင်မဇီလီယာဇန် ကတော့အိပ်ယာထဲလဲနေဆဲ။
သူတို့သခင်မကိုကြည့်ပြီဂ
သူတို့ဂိုဏ်းသားတွေအကုန်လုံးလိုလိုစိတ်ထဲသံဓိဌာန်ချမိသည်က သူတို့သည်သခင်မလို အချစ်ရူး မဖြစ်စေရ။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now