Part(5)

794 27 0
                                    

"သခင်တစ်ပါး၏မုန်းမာန်"

Part (5)
--------
--------

"Liyar Ceoမြန်မာနိုင်ငံရောက်ရင် ကိုယ်နဲ့တွေ့လို့ရအောင်စီစဉ်လိုက် ရေချယ်....လူချင်းသေချာတွေ့​ပြီးမှ ရှယ်ယာဝင်ဖို့ စဉ်းစားမယ် အဲ့ဘက်ကိုReplyပြန်ပေးလိုက်...အခုကိုယ့်ကို Rey Hotel စာရင်းတွေယူလာပေး"

"ဟုတ်ကဲ့ ဥက္ကဠ...coffeeသောက်ဦးမလား ဥက္ကဠ"

"အင်း black coffeeတစ်ခွက်လောက်  ပြီးတော့... "

"ဆေးပါတစ်ခါထဲယူလာလိုက်ပါ့မယ်"

"အဟင်း"

ရေချယ့်ရဲ့ခပ်သွက်သွက်အဖြေကြောင့် သိုက်ပြုံးလိုက်မိသည်။

"ကိုယ့်အကြောင်း မင်းတော်တော်သိနေပြီပဲ"

"ကိုယ့်ဥက္ကဠအကြောင်းကိုရေချယ်သိရမှာပဲလေ... ဘယ်နှနှစ်ရှိနေပြီလဲ"

>>>နင့်ကိုချစ်နေတဲ့ ငါ့အချစ်တွေကရော ဘယ်နှနှစ်ရှိပြီထင်လဲ သိုက်!!!
ဒါပေမဲ့ နင်ဘယ်တုန်းကမှမသိခဲ့ဘူးလေ...
မဟုတ်ဘူးသိုက်...
နင်သိရဲ့သားနဲ့ မသိချင်ယောင်ဆောင်နေခဲ့တာပါ...

သိုက် ,ရွှေရေး,ရေချယ်,လင်းရောင် တို့၄ယောက်လုံးကစီးပွားတက္ကသိုလ်မှာထဲက ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်နေခဲ့သည်။
သူငယ်ချင်း၄ယောက်မှာ မိန်းကလေး၂ယောက်ဖြစ်တဲ့ ရေချယ်နဲ့ရွှေရေးက ငွေကြေးချို့တဲ့သူများဖြစ်နေကြပေမဲ့ သူမတို့နဲ့ဆန့်ကျင်စွာ သိုက်နဲ့လင်းရောင်ကတော့ ကြွယ်ဝချမ်းသာသူများဖြစ်နေကြသည်။
ရေချယ်က ပထမနှစ်ထဲကသိုက်ကိုချစ်နေခဲ့ပေမဲ့ ဘွဲ့ယူတဲ့နေ့မှာ သိုက်ချစ်ခွင့်ပန်ခဲ့သူက
ရေချယ်မဟုတ်ပဲ ရွှေရေးဖြစ်နေခဲ့သည်။
ရွှေရေးကိုယ်တိုင်ကလဲ အစတုန်းကသိုက်ကိုသဘောမကျသလိုနဲ့ သိုက်ဘက်ကချစ်ခွင့်လဲပန်ရော ရေချယ့်ရဲ့တစ်ဖက်သတ်ခံစားချက်ကိုသိနေရဲ့သားနဲ့ သိုက်အချစ်ကိုချက်ချင်းလက်ခံခဲ့သည်။

သိုက်ရဲ့သူ့မာမီ့ဘက်ကရတဲ့အမွေတွေနဲ့Companyစစထောင်ထဲကရေချယ့်ကိုအတွင်းရေးမှူးအဖြစ်ရွေးချယ်ခဲ့သည်။
ထိုနေ့ထိုအချိန်မှစ၍ ရွှေရေးက ရေချယ့်ကိုဆက်ဆံပုံပြောင်းလဲလာသလို သိုက်နဲ့လဲသဝန်တိုမဆုံး။
ရွှေရေးရဲ့သဝန်တိုမှုတွေကိုသိနေတဲ့ သိုက်ကလဲ ရေချယ့်ကို ဥက္ကဠနဲ့အတွင်းရေးမှူးအဆင့်သာဆက်ဆံခဲ့သည်။
ထိုအချိန်ထဲက ရေချယ့်အချစ်တွေက တစ်ဖက်သတ် တစ်ဖက်ကျွန်းမျှသာ။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now