Part(23)

911 14 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (23)
-----------
-----------

သိုက် မငြိမ်မသက်ဖြစ်နေတဲ့ရှယ်ယာစျေးတွေကိုထိန်းချုပ်နိုင်ရန်အတွက် အစည်းအဝေးလုပ်နေစဉ်

"ဒီ.....ဒီ...."

စားပွဲပေါ်မှာတင်ထားတဲ့သူ့ရဲ့phကနေVibrateထဖြစ်လာခဲ့သည်။သိုက် ဖုန်းscreenကိုမျက်လုံးဝေ့ကြည့်မိစဉ်screenပေါ်မှာပေါ်လာသည့်contant nameက 'လင်းရောင်'

လင်းရောင်ဖုန်းမို့သိုက်ချက်ချင်းကိုင်လိုက်သည်ကအရေးကြီးကိစ္စဖြစ်နိုင်သောကြောင့်ပင်။
ရေးကိုစောင့်ကြည့်ရန်သူ လင်းရောင် ကို အကူအညီတောင်းထားသည်မဟုတ်လား။
သိုက် လင်းရောင်ဖုန်းကိုကိုင်လိုက်စဉ်

"အင်း!!!လင်းရောင်"

"သိုက် ရေးမရှိတော့ဘူး....ငါလိုက်ကြည့်တုန်းပဲရှိသေးတယ်...ရေးကားကိုရိုက်ပြီး ရေးကိုပြန်ပေးဆွဲသွားတယ်...."

"ဘာ!!!"

သိုက်ရဲ့အံ့ဩတကြီး အသံကြောင့်အစည်းအဝေးခန်းထဲရှိလူတွေအားလုံး စကားရပ်သွားရသည်။

"အစည်းအဝေး ရပ်လိုက်တော့ ရေချယ်!!!"

သိုက် ရေချယ့်ကိုမှာပြီး အခန်းထဲကနေအလောတကြီးထွက်လာခဲ့သည်။
အနောက်မှာဘယ်သူတွေဘယ်လို့ဖြစ်ကျန်ခဲ့လဲဆိုတာ သိုက်ဂရုမစိုက်နိုင်တော့။ကားပါကင်က ကားကိုအလျင်အမြန်မောင်းထွက်ကာ သိုက် ရေးအတွက်စဉ်းစားနေရသည်က

>>> ဘယ်သူလဲ!!ရေးမှာရန်သူမှမရှိတာ ဘယ်သူလဲ?ရေးကိုဘယ်သူပြန်ပေးဆွဲတာလဲ!!ချာတိတ်လား...ချာတိတ်ဖြစ်နိုင်မလား

သိုက် ဖုန်းချက်ချင်းထုတ်ကာ ချာတိတ်ကိုဖုန်းခေါ်ပေမဲ့ ချာတိတ် ဖုန်းကစက်ပိတ်နေကာ လူကြီးမင်းနဲ့သာတိုးနေသည်။

"ကျစ်!!!ဖုန်းကိုင်ပါ ချာတိတ်ရာ!!!"

ဇီ့ကိုခေါ်မရသည်မို့ သိုက် စံအိမ်ကိုဖုန်းလှမ်းဆက်စဉ် ကြားလိုက်ရတဲ့စကားကြောင့် သိုက် အသက်ရူ ပါရပ်ချင်သွားသည်။
ချာတိတ်ရော အလင်နဲ့blackပါ စံအိမ်မှာမရှိတော့သောကြောင့်ပင်။

>>> ဘယ်မှာဖြစ်နိုင်မလဲ
Ziစံအိမ် မှာလား

ဂိုဏ်းအလုပ်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကိုပြန်ပေးဆွဲမယ်ဆိုရင်ပဲဖြစ်ဖြစ် ဇီ ကသူ့စံအိမ်ကိုသာသုံးလေ့ရှိသည်မဟုတ်လား။
အရင်တစ်ခေါက်ကလဲ လူတစ်ယောက်ကိုပြန်ပေးဆွဲထားသည်ကို သိုက် တွေ့ခဲ့ရသည်လေ။
သိုက် ကားကို Ziစံအိမ်ကိုတဟုန်ထိုးမောင်းချလာသည်က မီးပွိုင့်တွေပါ ဖြတ်မောင်းခဲ့ခြင်းပင်။
တကယ်လို့ ဇီကသာ ရေးကိုပြန်ပေးဆွဲခဲ့တယ်ဆိုရင်ရေးအသက်ရှင်ဖို့ကသိပ်မသေချာတော့။
ကိုယ့်မိန်းမ စိတ်ကိုကိုယ်ကိုတိုင်တွေ့ခဲ့ရသည်မို့ပင်... ရေးအသတ်ခံရမှာထပ် ဇီလူတွေထပ်သတ်မှာကို သူမလိုလားပေ။
အခုဆိုရေးကိုယ်တိုင်ကလဲ ပေါ့ပေါ့ပါးပါးမဟုတ်။ကလေးနဲ့မဟုတ်လား။
ရေးကလေးအဖေကသူမဟုတ်ပေမဲ့ လူကြီးတွေပြဿနာကြားမှာ လူ့လောကထဲတောင်မရောက်လာသေးတဲ့ အပြစ်မရှိတဲ့ကလေးကို သိုက်အသေမခံနိုင်။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now