"သခင်တစ်ပါး၏မုန်းမာန်"Part (10)
----------
----------၁ပတ်။
ဦး အိမ်ပြန်မလာတာ ဒီညနဲ့ဆို၁ပတ်ရှိနေပါပြီ။"ဒီနေ့လဲ ဟိုမိန်းမ အိမ်မှာပဲ သခင်မ"
"အင်း"
"ဒီညတော့ ညဉ့်နက်တဲ့ထိမစောင့်ပဲသေသေချာချာအိပ်လိုက်သင့်တယ် ဇီ"
"အင်းပါအလင်ရယ်...နင်လဲသွားအိပ်တော့လေ....မနက်ဖြန် nedetဂိုဏ်းကလာမယ်ဆို"
"သေချာအိပ်လိုက်ပါ ဇီ"
အလင်သတိပေးပြီး အခန်းထဲကထွက်သွားပေမဲ့ ဇီအိပ်မရသေးတာတော့အမှန်ပင်။
ထိုပြဿနာတတ်ပြီးတဲ့နေ့ထဲကကုမ္မဏီနဲ့ ဟိုမိန်းမအိမ်မှာသာ နေတော့သည့်ဦးကအိမ်ဘက်ကိုခြေဦးတောင်မလှည့်တော့ပေ။"ဒီညရော ဦးပြန်လာမလား....ဇီကသူများလူကိုယူထားတဲ့သူဆိုတော့ ဘယ်အိပ်ပျော်ပါ့မလဲဦးရယ်"
ဦးပြန်မလာတဲ့၁ပတ်လုံးလုံး ဇီ အိပ်မပျော်ခဲ့ပေ။
မိန်းမတစ်ယောက်အနေနဲ့ ဦးကိုစိတ်ပူပိုင်ခွင့်မရှိရင်တောင်
ဇီကတဖက်သတ်ချစ်နေရသူမို့ စိတ်ပူပါရစေ။
မနက်တိုင်း ပြင်ပေးဖြစ်တဲ့မနက်စာတွေ။
နေ့လည်တိုင်းသွားပို့ဖြစ်တဲ့ ထမင်းဘူးတွေ။
ညတိုင်း ထိုင်စောင့်ခဲ့တဲ့ ထမင်းဝိုင်းတွေက
စားမဲ့ဦးမရှိပေမဲ့
ဇီ အမြဲဂရုတစိုက်ပြင်ပေးဖြစ်ဆဲပင်။
အခုလဲ အခန်းထဲက ဆိုဖာပေါ်မှာ ညတိုင်းအဆင်သင့်တင်ထားတဲ့ ညအိပ်ဝတ်စုံနဲ့ ဦးသောက်နေကျဆေးတွေက ရေတစ်ခွက်နဲ့အတူ နေရာယူဆဲပင်။ဇီ နာရီကိုကြည့်လိုက်တော့ ည၁၁နာရီ။
အိမ်ပြန်မရောက်သေးတဲ့ဦးကိုစောင့်ရင်း သောက်ထားတဲ့ဆေးလိပ်အတိုတွေက လသာဆောင်ကြမ်းပြင်မှာပျံ့ကြဲလျက်သာ။"ဇီ့ကို ဦးမိန်းမအဖြစ်မသတ်မှတ်ရင်တောင် ဒီစံအိမ်က ဦးအိမ်ပဲမို့ ကိုယ့်အိမ်တော့ကိုယ်ပြန်လာသင့်ပါတယ်..."
~~~~~~~~~~
သိုက်ကားကို သတိထားမောင်းနေရသည်က ည ၁၁နာရီရှိနေပြီဖြစ်သောကြောင့်ပင်။
ဟိုမိန်းမရှိနေတဲ့စံအိမ်ကိုမပြန်ပဲကုမ္မဏီမှာသာနေ့နေ့ညညအချိန်ကုန်ခဲ့ပေမဲ့ ဒီရက်ပိုင်းအတွင်း ရေးအမေနေမကောင်းဖြစ်နေသောကြောင့် သူ ရေးအိမ်ကိုသွားရသေးသည်။
ရေးပြန်ပေးဆွဲခံရတာသိပြီး အိပ်ရာထဲလဲသွားတဲ့ဒေါ်စကားဝါမိုးက ဒီနေ့မှနည်းနည်းထူထူထောင်ထောင်ဖြစ်လာခြင်းပင်။
အစထဲဒေါ်စကားဝါမိုးကျန်းမာရေးကို သိုက်ကသာစီစဉ်ခြင်းကြောင့် ရေးလဲအခက်တွေ့နေခြင်းပင်။
အမေကိုစိတ်ပူတတ်လွန်းတဲ့ရေးက ထမင်းကောင်းကောင်းတာမစားနိုင်၍ အခုလဲသူ ထမင်းဟင်းချက်ပေးခဲ့သေးသည်။ ဒေါ်စကားဝါမိုး အခုလိုဖြစ်ရတာလဲ သူ့အပြစ်မှမကင်းပဲ။
BẠN ĐANG ĐỌC
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Lãng mạn"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်