Part(14)

583 15 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part(14)
————-
————

"ဟင်!!!!"

သိုက်သူအင်္ကျီကြယ်သီးတပ်နေတုန်း သူ့ခါးကိုလာဖက်တဲ့ လက်တစ်စုံနဲ့သူ့ကျောကိုမှီလိုက်တဲ့မျက်နှာအပ်လိုက်တာခံလိုက်ရတာကြောင့်သူလန့်သွားရသည်။ချာတိတ်လား။
မဖြစ်နိုင်။ဟိုကောင်မလေးက ထက်မြက်ပြီးလက်ရဲဇက်ရဲနိုင်ပေမဲ့ အခုလိုသူ့ကိုဖက်ရလောက်တဲ့အထိတော့ အတင့်ရဲခြင်းမရှိ။

"မောင်"

သူ့နောက်ကျောကတိုးရှရှခေါ်သံကြောင့် သိုက် သိလိုက်ပါသည်။

"ရေး!!!"

သိုက် ရေးလက်ကိုချက်ချင်းဆွဲဖြုတ်ကာ သူ့ကိုယ်ကိုအရှေ့နဲနဲတိုးပြီး ကြယ်သီးတွေပြီးအောင်တပ်လိုက်သည်။

"ဘယ်လိုရောက်လာတာလဲ"

"မောင် နေမကောင်းဘူးဆိုလို့ရေးကရောက်လာတာလေ"

သိုက်မေးတာက သူ့အခန်းထဲဘယ်လိုရောက်လာတာလဲဆိုတာကိုပါ။အခုလိုသူ့အခန်းထဲရေးရောက်နေတာကို ဇီသိသွားရင်ဒုက္ခ။
ချာတိတ်က သူ့ကြောင့်ဒဏ်ရာရခဲ့တာကို သူချာတိတ်ကို စိတ်ညစ်အောင်ထပ်မလုပ်ချင်။

"မောင်မေးတာက မောင့်အခန်းထဲဘယ်လိုရောက်လာတာလဲ...မသင့်တော်ဘူးနော်ရေး"

"မောင်ကလဲ...အရင်ကလဲရေးဒီလိုလာဖူးတာပဲလေ"

"အရင်ကအရင် အခုကအခုလေ...ဇီတွေ့သွားရင်မကောင်းဘူး"

"အဟက်!!!ဘာလဲ  မောင်ကသူ့ကိုစိတ်ပူနေတာလား...အခုတောင်အဲ့မိန်းမကိုယ်တိုင် မောင့်အခန်းထဲလွှတ်လိုက်တာ"

"ဘာ!!!!"

ဘယ်လိုလဲ။ကိုယ့်ယောက်ျားအခန်းထဲတခြားမိန်းမကိုလွှတ်လိုက်ရအောင် ဘာတွေသဘောကောင်းပြနေရတာလဲ။
ချာတိတ်မတော့ ထုသတ်ရင်သေတော့မှာပဲ။ငတုံးမလေး။

"လာ...ရေး မနက်စာမစားရသေးဘူးမှတ်လား...တစ်ခုခုစားပြီးမှပြန်လေ"

"ဟုတ်...မောင်"

သိုက် ရေးအခုလိုလာလုပ်တာကို သဘောမကျပေမဲ့
ပစ်ပစ်ခါခါငြင်းရတဲ့အထိ တော့ သူ မလုပ်ရက်ပေ။
ဘာလို့လဲဆိုတော့
ရွှေရေးရေးခြယ်ဆိုတဲ့မိန်းကလေးကတစ်ချိန်ကသူ့ကောင်မလေးဖြစ်ခဲ့သည်မဟုတ်လား။ပြီးတော့ သူ့ကြောင့်ပဲနစ်နာခဲ့ရဖူးသူပင်။
သိုက် ရေးလက်ကိုဆွဲကာ ထမင်းစားခန်းထဲဝင်လိုက်သည်နှင့် ထမင်းဝိုင်းမှာ ထမင်းစားနေသည်က ဇီ။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now