"သခင်တစ်ပါး၏မုန်းမာန်"
Part (7)
--------
--------ဒီနေ့တော့ မနက်ထဲက သိုက် companyမရောက်သေးပေ။
အကြောင်းရင်းကတော့ သူရဲ့အသည်းနှလုံးလေးနေမကောင်းဖြစ်နေတာမို့ အခုချိန်ထိ သိုက် ရေးအိမ်မှာပဲနေကာ ရေးကိုပြုစုနေခြင်းဖြစ်သည်။
ရေးဆိုတဲ့သူမလေးက ထိုကဲ့သို့ နေမကောင်းဖြစ်ပြီဆိုတာနဲ့ သူ့အနားမှာကြောင်ပေါက်လေးလိုပွတ်သီးပွတ်သတ်နေတတ်သည်က ဟိုးအရင်ထဲကပင်။
ထိုသို့သောအပြုအမူလေးတွေကြောင့်ပဲ သိုက်သူမလေးကိုအချစ်တိုးနေရသည်မဟုတ်လား။ပြင်ဦးလွင်မှာ၁လလောက်နေပြီး အခုအိမ်ပြန်ရောက်တော့ ရာသီဥတု အပြောင်းအလဲကြောင့် ရေး နေမကောင်းဖြစ်နေခြင်း။
မနက်ကရောက်ရောက်ချင်းဆေးထိုးပေးထားသည်မို့ အခူတော့သူမလေးကအိပ်နေလေရဲ့။
အခုလဲ သူ ရေးစားဖို့ဆန်ပြုတ်ပြုတ်နေခြင်းပင်။
ရေးကအခုလိုနေမကောင်းဖြစ်တဲ့အချိန်ဆို သူပြုတ်ပေးတဲ့ ဆန်ပြုတ်ပဲသောက်သည်မဟုတ်လား။အမေတစ်ခု သမီးတစ်ခုဆိုပေမဲ့ ရေးအမေကလဲကျန်းမာနေသူမဟူတ်၍ ရေးကိုပြုစုသည်က သူသာလျှင်။
ဆန်ပြုတ်လဲကျက်ပြီမို့ သိုက် ပန်းကန်ထဲအနည်းငယ်ထည့်ပြီး ဝတ်ထားတဲ့အပရွန်လေးကိုချွတ်ကာ သူမလေးကိုဆန်ပြုတ်တိုက်ရန် အခန်းထဲသို့ဝင်လာလိုက်သည်။
သူမလေးကတော့ နေမကောင်းတဲ့အရှိန်ကြောင့် သူမလေးရဲ့ဝါဖန့်ဖန့်အသားလေးတောင် နီစပ်စပ်ဖြစ်နေလေပြီ။
ခေါင်းလေးသာဖော်ထားပြီးစောင်ပုံထဲခွေခွေလေးအိပ်နေတဲ့သူမလေးက အသဲယားစရာပင်။"အချစ်...ထတော့နော်...မောင့်ကလေးလေးရေ ဆန်ပြုတ်သောက်ပြီး ဆေးသောက်မယ်ထတော့နော်"
သိုက် စောင်ပုံကြားထဲက သူမလေးမျက်နှာကပ်ပြီးသူ့ရဲ့ကြောင်ပေါက်မလေးကို ခေါ်နေမိသည်က
"မောင်...ဖက်ထားပေး"
>>>> အဟက်..စပါပြီ...ဇာတ်လမ်းက...မိချွဲမလေး
"ကြောင်မလေး..ထတော့...မောင့်ကိုကပ်ချွဲမနေနဲ့.....ဆန်ပြုတ်သောက် ဆေးသောက်ပြီးမှပြန်အိပ်တော့ သဲတုံးလေး"
သိုက်ရဲ့အနှိုးကြောင့် ရေးအိပ်ယာထဲကထလာသည်နှင့်
သိုက်ဆန်ပြုတ်ခွံကျွေးခြင်းအစီအစဉ်စရတော့သည်။
YOU ARE READING
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်