Part(8)

1.3K 31 11
                                    

"သခင်တစ်ပါး၏မုန်းမာန်"

Part (8)
---------
---------

"ဟင်!!!"

ဦးငြင်းမယ်ဆိုတာသိပေမဲ့ ဒီလိုကြီးဒဲ့ပြောချလိုက်တဲ့ဦးရဲ့စကားကြောင့် ဇီ အံ့ဩသွားရသည်။

"အကြောင်းပြချက်ကရော ဘာများလဲ ဦး!!!"

"ငါမှာငါ့အသက်လိုမျိုးချစ်ရတဲ့သူရှိပြီးသား....မင်းလိုမိန်းမမျိုးကိုမချစ်ဘူး...ချစ်လဲမချစ်နိုင်ဘူး"

"ဦး မချစ်လဲ ဇီချစ်တယ်လေ"

"ဘာ...ဘာပြောတယ်!!!!"

ဇီ့စကား​ကြောင့် သိုက်တော်တော်လေးအံ့သြသွားရသည်။

"ဟုတ်တယ်...ဦး..ဇီ ဦးကိုချစ်တယ်..အာ့ကြောင့်လဲ လက်ထပ်ပွဲကိုလက်ခံလိုက်တာ"

"အေး မင်းဘာသာချစ်တာမချစ်တာ မင်းအကြောင်း...ငါကတော့ မင်းကိုချစ်လဲမချစ်ဘူး..ချစ်လာမှာလဲမဟုတ်ဘူး..မင်းဘက်ကလက်ထပ်ပွဲကိုမဖျက်ဘူးဆိုရင် ငါ့ဘက်ကရအောင်ဖျက်ပစ်မှာ"

"အဟင်း..ဦး..ကြိုက်သလိုလုပ်ပါ...ဦးဖျက်မဲ့လက်ထပ်ပွဲကို ဇီကလဲရအောင်လုပ်မှာ...."

"တောက်...အရှက်မရှိတဲ့မိန်းမ...မင်းကိုအထင်ကြီးမိတာအလကားပဲ...ယောက်ျားရှားနေပုံရတယ်!!!"

"အဟက်!!!"

သူ့စကားကိုကြားတော့ သူ့ကိုမတတ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ပုခုံး၂ဖက်တွန့်ပြတဲ့ ဇီ့ကိုသိုက်ကိုင်ပေါက်ချင်စိတ်တွေ တဖွားဖွားပေါက်လာပေမဲ့
မိန်းကလေးဆိုတဲ့အသိနဲ့ ပေါက်ကွဲတော့မဲ့စိတ်တွေကိုထိန်းချုပ်ကာ ထိုနေရာမှလှည့်ထွက်လာခဲ့သည်။

■ဇီကတော့ ဦးကိုချစ်တယ်....ယောက်ျားမရှားပါဘူးဦးရယ်....ဒါပေမဲ့ ဦးတစ်ယောက်ထဲကိုပဲချစ်မိနေတဲ့ဇီနှလုံးသားကို ဇီမလွန်ဆန်နိုင်ဘူးဦး.....
ငယ်ငယ်ထဲကဘယ်အရာကိုမှ ရွေးချယ်ခွင့်မရခဲ့တဲ့ဇီဘဝမှာ ဒီတစ်ကြိမ်လောက်ပဲဖြစ်ဖြစ် ဇီ့ကိုရွေးချယ်ခွင့်လေးပေးပါ ဦး■

💦💦💦💦💦💦💦💦💦💦💦💦💦💦💦💦

Ziဂိုဏ်းသခင်မကိုထိပ်တိုက်တွေ့ရတာက အန္တာရယ်များတဲ့ကိစ္စဆိုပေမဲ့ ရေး ကိုယ့်အကြံနဲ့ကိုယ်မို့ သတ္တိသွေးနေရသည်။
အဲ့မိန်းမ ရေးကို လက်ရဲဇက်ရဲလုပ်ရဲမည်တော့မထင်။
ဘာလို့လဲဆိုတော့ ကိုကြီးစကားအရဆို အဲ့မိန်းမက မောင့်ကိုချစ်နေပုံပင်။
ရေးကိုသူ တစ်ခုခုလုပ်တာနဲ့မောင်သူ့ကိုစိတ်ပျက်မှာအသေအချာဆိုတာ အဲ့မိန်းမ သိနေတာပဲ။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now