Part(11)

539 15 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (11)
---------
---------

သိုက်အိပ်ယာနိုးနိုးချင်းသူ့ဘေးကိုကြည့်မိတော့ ဟိုမိန်းမရှိမနေတော့။
ဘေးနားကနာရီကိုကြည့်တော့လဲအချိန်က၄နာရီခွဲပင်။

>>> ဒီလောက်အစောကြီးထရအောင် အဲ့မိန်းမကဘာလဲ

သိုက်ရေချိုးခန်းထဲရှာပေမဲ့ သူမ မရှိတာကြောင့် သူသာရေချိုးပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။
သူအိပ်ယာနိုးရင် အောက်ထပ်ထမင်းစားခန်းမှာတွေ့ရတတ်တဲ့သူမက အခုတော့အရိပ်အယောင်တောင်မတွေ့ရ။

>>ဘယ်သွားနေတာတုန်း!!
ဒါနဲ့ ငါကဘာလို့အဲ့မိန်းမအကြောင်းစဉ်းစားနေရတာပါလိမ့်
သူ့ဘာသာသူသေသေရှင်ရှင်ငါနဲ့ဘာဆိုင်တာမှတ်လို့လဲ

ထမင်းဝိုင်းမှာသိုက်ထိုင်မိသည်နှင့်စားပွဲပေါ်မှာက အဆင်သင့်ဖြစ်နေသော အစားအစာများက သူ့အားစောင့်စားလျက်သားပင်။
သေချာသည်ကထိုအစားအစာတွေကဟိုမိန်းမ လက်ရာတွေပင်။
ပြေးကြည့်စရာမလိုတွေးကြည့်ယုံနဲ့သိသည်။သူ့အိမ်ကလူတွေက အနောက်တိုင်းအစားအစာတွေမလုပ်တတ်ပေ။အခုအစားအစာတွေကအနောက်တိုင်းစာတွေပင်။

>>> ဒီအစားအစာတွေကိုအဲ့မိန်းမဘယ်အချိန်ထဲကထပြင်နေတာလဲ

"သခင်ဘာစားမလဲရှင့်!!!!သခင်မက ပြင်ပေးသွားပေမဲ့ သခင် မကြိုက်ရင်သိမ်းလိုက်ပါ့မယ်!!!"

"သိမ်းလိုက်!!!!"

ညစ်တစ်တစ်စိတ်တွေစတင်နေနဲ့ ထမင်းဝိုင်းမို့ စားချင်စိတ်ကရှိမနေတော့။
သူ့စိတ်ကလဲတစ်မျိုးပင်။
အရင်နေ့တွေက အလေးထားမှုရှိခဲ့တဲ့သူမရဲ့ဂရုစိုက်မှုတွေက သူ့အတွက် စိတ်ရှုပ်စရာတွေဖြစ်နေခဲ့ပေမဲ့အခုလိုသူမဘက်ကပြီးစလွယ်ပစ်ထားပြန်တော့လဲ သူ မနေတတ်။

>>> တော်ပြီ
ရေးဆီကိုပဲသွားလိုက်တော့မယ်

~~~~~~~~~~~~~~~~~~~~~~

ဇီ အလုပ်ကိစ္စကြောင့်မဖြစ်မနေအိမ်ကထွက်လာရပေမဲ့ဦးမနက်စာစားပါ့မလားလို့ စိတ်ပူနေရသည်။
မနက်ဆေးသောက်ဖို့ကအစာရှိရမယ်မဟုတ်လား။
ဇီအတွေးတွေက အလုပ်ထဲမရောက်ပေမဲ့  ဇီ့ကားကတော့ အလုပ်ရှိရာဆိပ်ကမ်းကိုရောက်နေပြီဖြစ်သည်။

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now