Part(22)

710 13 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (22)
------------
------------

အခုတလော mediaမှာပြန့်လာတဲ့သတင်းတွေက ဇီ့အတွက် တကယ့်ကိုရင်နင့်စရာတွေပင်။ရွှေရေးရေးခြယ်မှာဦးနဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီဆိုတဲ့သတင်းတွေတက်လာသည်က pageအတုတစ်ခုကဖြစ်သည်
ထိုpageကအတုဆိုပေမဲ့တက်လာတဲ့သတင်းကတော့ တော်တော်လေးနမည်ကြီးနေသည်မဟုတ်လား။
ထိုသတင်းကြောင့်လက်ရှိမှာလဲRey ကုမ္မဏီရှယ်ယာစျေးတွေရော Liyar ကုမ္မဏီရှယ်ယာစျေးတွေပါ ထိုသတင်းကြောင့်မတည်မငြိမ်တွေဖြစ်လာရသည်။
ဇီ ထိုသတင်းကိုကြားကြားချင်းရှင်းဖို့လုပ်ခဲ့ပေမဲ့ ဦးက သူ့သတင်းမို့သူ့ဘာသာရှင်းမယ်ဆို၍ဇီ ငြိမ်လိုက်ရသည်။
အခုဆိုဇီ့ထိုသတင်းတွေကိုရှင်းဖို့ထက် ပိုအရေးကြီးနေသည်က ကယ်လေး ကိစ္စပင်။
ဒယ်ဒီ့အပြောအရသူကအရင်ကမာမီ့ရည်းစားဟောင်းဆိုပဲ။
မာမီက သူ့ကိုမရွေးပဲဒယ်ဒီ့ကိုရွေးခဲ့သည်မို့ သူမကျေမနပ်ဖြစ်နိုင်သည်တဲ့လေ။
ဒယ်ဒီ့စကားတွေ ဇီ ကြားကြားချင်းထဲက ကယ်လေးအဖွဲ့ထဲသူလျှိုလွှတ်ကာ အခြေအနေတွေစုံစမ်းခိုင်းထားလိုက်သည်။
အခုလဲ အလင် စုံစမ်းပေးထားတဲ့ ကယ်လေးရဲ့Liquid ဂိုဏ်း သတင်းတွေကိုကြည့်နေစဉ်
မြင်လိုက်ရသည်က ဂိုဏ်းသားတွေရဲ့လက်ဝဲလက်ခုံက တက်တူးတွေကဆင်တူလျက်။
ထိုတက်တူးတွေကလဲ ပင့်ကူတက်တူးတွေသာ။
ပုံစံမတူကြပေမဲ့ အကုန်လုံးထိုးထားသည်က ပင့်ကူးတက်တူးများသာ။
ဇီ စိတ်ပင်ပန်းစွာ ဧည့်ခန်းက ဆိုဖာပေါ်မှာထိုင်ချလိုက်သည်။
ဦးရော ဇီရော ဒီအချိန်မှာရောက်နေသည့် ရှင်းလေရှုပ်လေဖြစ်နေတဲ့ပြဿနာကြားထဲပင်။

"သခင်မ"

"ပြော!!"

"သခင်လေးခရစ် ဝင်ခွင့်တောင်းနေပါတယ်"

"သူတို့ဂိုဏ်းနဲ့ဇာတ်လမ်းပြတ်ပြီးသားလေ...ဘာပြောစရာရှိသေးလို့လဲ"

ဇီ့စကားကြောင့် အလင်လဲခေါင်းတစ်ချက်ငြိမ့်ပြကာ

"သခင့် အကြောင်းပြောချင်လို့ပါတဲ့ သခင်မ"

ဦးအကြောင်းဆို၍ ဇီ့ကိုယ်လေးမတ်သွားရသည်။

"ဝင်ခိုင်းလိုက်"

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Onde histórias criam vida. Descubra agora