Part(17)

572 17 0
                                    


"သခင်တစ်ပါး၏မုန်းမာန်"

Part (17)
----------
----------

စံအိမ်ရဲ့ မီးဖိုခန်းထဲ ကိတ်တစ်လုံးနဲ့ အလုပ်ရှုပ်နေသူက ဇီ။
ဇီ တို့လက်ထပ်ပြီးသည့်နှစ်တွင် အခုအခါက ဦးရဲ့ ပထမဆုံးမွေးနေ့မဟုတ်လား။ဒါကြောင့်လဲ ဇီ ဦးမွေးနေ့အတွက် ကိတ်မုန့်ကိုကိုယ်တိုင်လုပ်ကာ ညနေ ဦး ပြန်လာလျှင် ဦးကိုsupriseလုပ်မည်ဖြစ်သည်။ဟိုတစ်နေ့က ကိစ္စမှာ ဦးနဲ့ဇီနဲ့စကားပြော အဆင်မပြေဖြစ်ပြီးထဲက  ဒီနေ့မနက်ထိ ဦးနဲ့ စကားမပြောဖြစ်ကြပေ။
မနေ့ကလဲ ဟိုလူ ကသူ့ကိုယ်သူ လျှာကိုက်ဖြတ်ကာ သတ်သေသွားသဖြင့် မာမီနဲ့ပတ်သတ်တာ ဘာဆိုဘာမှ ဇီ မသိလိုက်ရ။
ညအထိဒေါသဖြစ်နေ၍ ဦးကိုစကားမပြောဖြစ်သလို ဒီနေ့မနက်လဲ ဦးက ဇီ့ကို ပြန်စိတ်ကောက်ပြီး မနက်စာတောင်မစားပဲထွက်သွားလေသည်။
ဒီနေ့ကဦးမွေးနေ့မို့လို့ ဇီ ဦးကိုပြန်ချော့ရမည်မဟုတ်လား။တကယ်ဆို ဇီ့အမှားလေ။
ထိုကိစ္စတွေက ဦး က ဇီ့ကိုကောင်းစေချင်လို့ပြောတာကို အငယ်ဖြစ်တဲ့ဇီက ပြန်ခံပြောသလိုဖြစ်သွားသည်။
ဦး စိတ်ဆိုးသင့်သည်။

"ဒီနေ့တော့ စိတ်ကောက်နေတဲ့ ဇီရဲ့ဦးကိုသေချာပြန်ချော့မှပါ"

~~~~~~~~~~~~~~~~~~~~~~

သိုက် အတွက် ဒီနေ့ကမွေးနေ့ဆိုပေမဲ့ သိုက် သူမလေးကို စိတ်ကောက်နေ၍ မနက်ထဲက မနက်စာတောင်မစားပဲ ထွက်လာခဲ့သည်။
သူကစေတနာနဲ့ ပြောတာကို သူ့စေတနာကို ပေတစ်ရာလုပ်ကာ တက်နင်းသွားခြင်းမဟုတ်လား။
ဒါနဲ့ ချာတိတ်က သူ့မွေးနေ့ကိုသိရောသိရဲ့လား။
သိုက်  ကုမ္ပဏီမှာလူကသာ အလုပ်လုပ်နေပေမဲ့ စိတ်တွေက တစ်စုံတစ်ယောက်ကိုစောင့်နေမိသည်။
သူ့ကို သူမ ကုမ္ပဏီ လာချော့မလားဆိုတာထက် သူ့မွေးနေ့မို့ သူမလေးဆီက လက်ဆောင်မဟုတ်ရင်တောင် မွေးနေ့ဆုတောင်းလေးတော့လိုချင်မိသည်။

"ရေချယ်.....ကုမ္ပဏီကိုတစ်ယောက်ယောက်လာသေးလား"

"ဘာကိုလဲသူဠေး"

"ကိုအစည်းအဝေးလုပ်နေတုန်းလူတစ်ယောက်ယောက်က ကို့ကိုအလုပ်ကိစ္စမဟုတ်ပဲနဲ့လေကွာ....ဘယ်လိုပြောရမလဲ...ကို့ကိုတွေ့ချင်တယ်ဆိုပြီးတော့
လာတွေ့တဲ့သူမရှိဘူးလား"

သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)Where stories live. Discover now