"သခင်တစ်ပါး၏မုန်းမာန်"Part (15)
-----------
-----------သိုက် သူ့ဘေးနားကလှုပ်လှုပ်ရွရွဖြစ်နေတဲ့ခံစားမှုကြောင့် သိုက် အိပ်ယာကနိုးလာခဲ့သည်။ဟုတ်နေတာပဲ။သူ့ဘေးနားက သူ့ချာတိတ်မ ကုတင်ပေါ်ကဆင်းမို့ကြိုးစားနေခြင်း။
သိုက်ရောဇီရောကျန်းမာရေးမကောင်းလို့ အရင်နေ့တွေကအခန်းခွဲနေပေမဲ့ မနေ့ကဇီအပူလောင်တာကိုအကြောင်းပြကာ သိုက် အခန်းထဲပြန်ခေါ်ထားခြင်းပင်။"ဟင်!!!!"
ဇီနေမကောင်းထဲက ဇီအိပ်ယာနိုးတိုင်း အလင်ကအမြဲကူညီပေးခဲ့ပေမဲ့ မနေ့ကဦးကwheelchairကိုထမင်းစားခန်းထဲထားခဲ့ပြီးတစ်နေ့လုံးဇီသွားတဲ့နေရာတိုင်းကိုကလေးလိုချီပြီးပို့တော့သည်။
အခုအိပ်ယာနိုးတော့ဇီဘယ်လိုမျက်နှာသစ်ရမှန်းမသိစဉ် ဇီ့ကိုထပ်ချီနေတဲ့ ဦးကြောင့်ဇီအံ့ဩရပြန်သည်။>>>နေမကောင်းလဲမဖြစ်ပါဘူး
သူချီထားရင်းနဲ့ သူမရဲ့လက်သေးသေးလေးနဲ့ သူမနဖူးကိုစမ်းလိုက် သူ့နဖူးကိုစမ်းလိုက်လုပ်ကာ နှုတ်ခမ်းကနေ စကားတိုးတိုးလေးပြောနေတဲ့ သူမပုံလေးက တကယ့်ကလေးပေါက်စလေးအတိုင်း။
သိုက်ခပ်ဖွဖွလေးပြုံးကာ သူမကို ရေချိုးခန်းထဲ ချီလာလိုက်သည်။ဇီ့ကိုရေချိုးခန်းကကြွေဘောင်ပေါ်တင်ပေးကာ သိုက် သွားတိုက်ပေးရန်ပြင်နေမိသည်။"သွားတိုက်မယ်...ပါးစပ်ဟ!!!"
"ဟင်!!!"
သွားတိုက်ဆေးကိုခပ်တည်တည်ထည့်ကာ ဇီ့ကိုသွားတိုက်ဖို့ပြင်နေတဲ့ ဦးကြောင့်ဇီ အံ့ဩသွားရသည်။
"မင်းညာဘက်လက်က သေနတ်ထိထားတာမှတ်လား ???? ...ဘယ်လက်ကြီးနဲ့သွားတိုက်ဖို့ခက်နေမှာပေါ့...ဦးသွားတိုက်ပေးမယ်ပါးစပ်ဟ...အာ!!!"
>> ဟော ဦးကရုတ်တရက်ကြီးဘာတွေဖြစ်သွားတာလဲ
ဘယ်လက်နဲ့တောင်သေနတ်ပစ်နိုင်တဲ့ဇီကသွားတော့မတိုက်နိုင်စရာလား။ဒါပေမဲ့ဦးကသေသေချာချာဂရုစိုက်ပေးနေသည်မို့ ဇီ အလိုက်သင့်သွားစိပေးလိုက်သည်။ဦးရဲ့အခုလိုဂရုစိုက်ပေးမှုတွေက ဇီ့ဘဝမှာရွှေထက်ရှားတယ်မဟုတ်လား။
YOU ARE READING
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်