"သခင်တစ်ပါး၏မုန်းမာန်"
Part (3)
------------
------------ဒီနေ့ဇီ ညနေ၄နာရီflightနဲ့ကနေဒါကို ပြန်မှာဖြစ်နေလို့ မာမီ့အရိုးပြာအိုးရှိရာ ချင် အရိုးပြာအိုးသုသာန်သို့ နေ့လည်၂နာရီအချိန်မှာရောက်လာခဲ့သည်။
ကားပေါ်ကဆင်းလာတဲ့ဇီကတော့ ဒူးအထက်ရှိသည့်အနက်ရောင်ဂါဝန်လေးနဲ့အတူ အနက်ရောင်ရူးဖိနပ်လေးနဲ့သာ။
အနီနဲ့အနက်သာဝတ်တတ်သည့်ဇီ့အတွက် Designerတစ်ဦးဖြစ်နေတဲ့မာမီကိုယ်တိုင်ချုပ်ပေးထားတဲ့ဝတ်စုံလေးပင်။
ဇီ့ရဲ့ပထမဆုံးအနေနဲ့ပြန်လာဖြစ်တဲ့ မြန်မာနိုင်ငံခရီးစဉ်က အနက်ရောင်ဝတ်စုံတစ်မျိုးထဲသာဝတ်နေခဲ့ရတဲ့ စျာပနခရီးစဉ်တစ်ခုဖြစ်နေခဲ့လေသည်.။
ဇီ မာမီ့အရိုးပြာအိုးရှိရာနေရာ 'နှောင်းနွေဦး'ဆိုတဲ့ အရိုးပြာအိုးရှေ့မှာ မတ်တပ်စုံရပ်မိလိုက်သည်။
ဇီ့မျက်နှာပေါ်က မျက်မှန်အနက်ကိုချွတ်ကာ..."ဇီ ပြန်တော့မယ် မာမီ!! ကောင်းကောင်းမွန်မွန်နေရစ်ခဲ့နော်!! doctorဘွဲ့ရတဲ့တစ်နေ့ ဇီ မြန်မာနိုင်ငံကိုပြန်လာခဲ့ပါ့မယ်!! မာမီ့ကိုလုပ်ကြံခဲ့တဲ့သူကို ဇီကိုယ်တိုင်ရအောင်ရှာပြီး ဇီ့လက်နဲ့ပြန်သတ်ပေးမယ်လို့ ကတိပေးတယ်မာမီ !!ဇီကိုယုံတယ်မှတ်လား...မာမီ့သမီး ဇီကဘယ်သူမို့လို့လဲ Ziဂိုဏ်ရဲ့သခင်မ ပဲလေ...အဟင်း"
ရင်ထဲထိုးဝင်လာတဲ့နင့်ခနဲခံစားချက်ကို ဇီတစ်ယောက်ခပ်ဟဟအပြုံးတုတစ်ခုနဲ့ဖုံးကွယ်ရင်း...
"အခုမာမီ့ကိုပေးထားတဲ့ ကတိက Ziဂိုဏ်းရဲ့သခင်မကြီးကိုသတ်ခဲ့တဲ့သူကို ပြန်သတ်ပေးပါ့မယ်လို့ Ziဂိုဏ်းသခင်မ အနေနဲ့ ပေးတာပါ !! Good bye မာမီ!!"
ဇီမာမီ့ကိုနှုတ်ဆက်ရင်း နှုတ်ခမ်းပေါ်မှာလျှို့ဝှက်အပြုံးတစ်ခု ဖြစ်ထွန်းသွားလေသည်က အနောက်က ခပ်သဲ့သဲ့ကြားလိုက်ရသောခြေသံတစ်ခုကြောင့်သာ။
မာမီ့အရိုးပြာအိုးအရှေ့ကလှည့်ထွက်သည်နှင့် ဇီ့ဆီကိုတည့်တည့်မတ်မတ် ပြေးလာသည်က ဓားမြှောင်တစ်ချောင်း..."ဝှစ်"
ဇီအလျင်အမြန် ဘေးဘက်ကိုဂျွမ်းထိုးရှောင်လိုက်သည်နှင့် ထိုဓားက ကြိတ်သားဘောင်ဖြင့်ပြုလုပ်ထားသောမာမီ့ အရိုးပြာအိုးရှိရာဘေးဘောင်သို့ အရှိန်နဲ့ပြေးစိုက်သွားလေသည်။
ဇီရှောင်တိမ်းရင်း ချက်ချင်းဆိုသလိုကိုယ်နဲ့မကွာအမြဲဆောင်ထားတတ်သည့် ဘယ်ဘက်ပေါင်က Dineဓားမြှောင်ကိုဆွဲထုတ်ကာပစ်လိုက်သည်က ထိုသူရဲ့ နှဖူးအလည်တည့်တည့်သို့...
YOU ARE READING
သခင်တစ်ပါး၏မုန်းမာန်(Complete)(unicode)
Romance"အချစ်ကရူးသွပ်စေတဲ့အရာဆိုရင်တောင် ဇီရဲ့အချစ်က ဦးဖြစ်နေတာမို့ဇီကျေကျေနပ်နပ်ကြီးအရူးခံပစ်မှာ ဦးရဲ့ သိရဲ့လား!!ဦးသိရဲ့လား" (ဇီလီယာဇန်) အက်ရှင်နဲ့Romanceပေါင်းထားတဲ့ ဦးနဲ့ကလေးဇာတ်လမ်းလေးပါနော်