(Unicode)
*နောင်ဘဝ ဆက်တိုင်း...ဒီလူကို ထပ်မချစ်မိဖို့...ကျိန်ဆိုပါတယ်...
ဘယ်ဘဝကိုပဲ ရောက်ရောက်...အချစ်ဆိုတာကို မသိတဲ့ လူ...မခံစားတတ်တဲ့လူ...အချစ် မရှိတဲ့လူအဖြစ်ပဲ...မွေးဖွားလာရပါစေ...🎐 🎐🎐 🎐🎐🎐
*ဒီလူကို ချစ်တတ်လာအောင်...သင်ပေးနိုင်စွမ်းရှိတဲ့သူ...ဒီလူ့အနားမှာ တသက်လုံးနေနိုင်ပြီး လက်ထပ်ရမယ့်သူ...ဒီလူရဲ့ နာကျည်းခြင်း...မုန်းတီးခြင်း...ကျိန်စာအားလုံးကို ပယ်ဖျက်နိုင်သူက...ကျွန်တော် တယောက်တည်းပဲ ဖြစ်ပါရစေ...
ဘာလို့လဲ ဆိုတော့...ဒီလူဟာ ကျွန်တော့်အသက်ထက်...ပိုချစ်ရပြီး...တန်ဖိုးထားရတဲ့သူ တယောက်...ဖြစ်နေလို့ပါ...🎐 🎐🎐 🎐🎐🎐
*အားးးး...
ဘာလဲကွာ...သူ့ကို လက်မထပ်တာနဲ့ပဲ...ဒီလို အပြစ်ဒဏ်မျိုး ခံရမယ် ဆိုတော့...မတရားဘူး...
မတရားဘူး...လို့ ့ ့ ့ ့ ့ ့ ့...*မကောင်းသလောင်း ကောင်းကင်နတ်မင်း...
နတ်ယုတ်မာကြီး...
မတရားတဲ့ နတ်ကြီး...
နှာဗူးနတ်ကြီး...
နတ်...ဆိုးးးးး...ကြီးးးး...
အားးးးး...ကျောက်ကမ်းပါးယံ အစွန်းမှာ ခုန်ပေါက်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ မကျေမနပ် အော်ဟစ်နေတဲ့ အဖြူရောင်ဝတ်စုံနဲ့ နတ်သားလေးတပါး.....
ဟိုးးးးးနောက်ဘက် အတော်ဝေးဝေးမှာတော့ ထိုနတ်သားလေးရဲ့ ဖြစ်ပျက်နေပုံကို ရပ်ကြည့်ရင်း ပြုံးနေတဲ့ ရွှေရောင် ဝတ်စုံနဲ့ နတ်ဘုရားတပါး...
🎐 🎐🎐 🎐🎐🎐
🎐 🎐🎐 🎐🎐🎐
🎐 🎐🎐 🎐🎐🎐
🎐 🎐🎐 🎐🎐🎐
🎐 🎐🎐 🎐🎐🎐
*သခင်လေး ရှောင်း...ကောင်းကင်နတ်ဘုရား ရောက်လာလို့...ဧည့်ဆောင်ကို လာခဲ့ဖို့...သခင်မကြီးက အခေါ် လွှတ်လိုက်ပါတယ်...
*ငါ အိပ်နေတယ်လို့ ပြောလိုက်...
အစေခံရဲ့ စကားကို ရှောင်းကျန့်က စာဖတ်နေရာမှ ခပ်ဆတ်ဆတ်လေး ပြန်ပြောလိုက်သည်။ အစေခံက ကြောက်လန့်တကြား လက်ကာ ပြေလသည်။
*မ...မဖြစ်ဘူး ထင်တယ် သခင်လေးရဲ့...သခင်ကြီးရှောင်းပါ...ဧည့်ဆောင်မှာ ရောက်နေတာ...သခင်လေး ဒုက္ခ ရောက်လိမ့်မယ်...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed