(Unicode)
*သား...သွားကြစို့လေ...
ထ...*ဟင်...
*ပေသူဌေး စောင့်နေရလိမ့်မယ်...ပါးတို့ စောစောလေး ထွက်ကြစို့...
ယွီကျင်းဘုရင်မင်းမြတ်နဲ့...ချိန်းဆိုထားတဲ့အချိန် မတိုင်ခင်...ပါးတို့က ကြိုရောက်နေမှ ဖြစ်မယ်လေ...ထ...*ဟုတ်ကဲ့ပါ ပါး...သွားကြမယ်လေ...
ဖခင် ခေါ်သံကြားမှ ရိပေါ်က ကဗျာကယာ ထူးရင်း ငေးငေးငိုင်ငိုင် ထိုင်နေရာမှ ထလိုက်သည်။ ကျန်းသခင်ကြီးက သားဖြစ်သူကို ဂရုတစိုက် ကြည့်လိုက်လေသည်။
*ဘာဖြစ်လို့လဲ သား...ကိစ္စ တခုခု ရှိလို့လား...ဒါမှ မဟုတ်...ညက အိပ်ရေး မဝလို့လား...
ညက ချင်းရန်တို့ ပြန်လာသည့် အချိန်အထိ ရိပေါ်တို့ သားအဖက စောင့်နေခဲ့ကြသည်။ ကုန်သွယ်ရေး အမတ်၏ အိမ်မှ ချင်းရန် ခိုးယူလာသည့် စာရွက်အား အသေအချာ စစ်ဆေးပြီး နောက်နေ့တွင် ယွီကျင်းဘုရင်မင်းမြတ်အား တင်ပြရန် ပြင်ဆင်ခဲ့ကြသည်။ ထို့ကြောင့်လည်း ရိပေါ်၏ အိပ်ရာဝင်ချိန်က အတော်ပင် နောက်ကျခဲ့လေသည်။
*အာ...ဘာမှ မဟုတ်ပါဘူး ပါးရယ်...အိပ်ရေးလည်း ဝပါတယ်...
*အင်း...ဒါဆိုလည်း သွားကြစို့...
ဖခင်ဖြစ်သူအား အဆင်ပြေအောင် ဖြေလိုက်ရပေမယ့် ရိပေါ် ရင်ထဲမှာတော့ အလိုမကျ ဖြစ်နေခဲ့သည်။
ညက...ဘာလို့ အိမ်မက် မမက်တော့တာလဲ...ဘာဖြစ်လို့လဲ...ဟား...
🎐 🎐🎐 🎐🎐🎐
ပေသူဌေး၏ စီစဥ္ပေးမှုဖြင့် ယွီကျင်းဘုရင် မင်းမြတ်အား စာကြည့်ဆောင်တွင် သီးသန့် တွေ့ဆုံခွင့် ရလေသည်။
*ဘုရင်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ...
စာကြည့်စားပွဲမှာ ခန့်ညားစွာ ထိုင်နေတဲ့ ယွီကျင်းဘုရင်ကို ကျန်းသခင်ကြီးနှင့် ရိပေါ်က ပေသူဌေးနှင့်အတူ ကြမ်းပေါ်တွင် ဒူးထောက်ကာ အရိုအသေ ပေးလိုက်သည်။
*ထကြပါ...
ယွီကျင်းဘုရင်မင်းမြတ်၏ စကားအဆုံး အားလုံးက မတ်တပ်ရပ်ကာ ခေါင်းငုံ့ ထားရလေသည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed