HC - 13 (U&Z)

445 55 5
                                    

(Unicode)

တကယ်တော့ ချွေးမလောင်းကို သွားကြည့်တယ် ဆိုတာထက် ဖိတ်ခေါ်လို့ အကြောင်း တိုက်ဆိုင်ရင်း သွားကြည့်တာမျိုးပါ။ အိမ်တော်မှာ တွေ့တာမျိုး မဟုတ်ဘဲ အမဲပစ်ထွက်ကြမှာမို့ ချိန်းဆိုထားတဲ့ တောအုပ်ဆီသို့ ထွက်လာခဲ့ကြခြင်းပင်။

ကျင်းဆွေကျင်းက လှည်းအိမ်ဖြင့် ရှေ့ဆုံးမှ သွားကာ စစ်သူကြီး ဝမ်လျှိုချင်း၏ မိသားစုကို ကိုယ်စားပြုနေသည်။ ဝမ်ရိပေါ်က မြင်းညိုကို စီးကာ လှည်းအိမ် နံဘေးမှ လိုက်ပါလာသည်။  နောက်လိုက်များတွင်တော့ အိမ်တော်ထိန်းကြီး တယောက်သာ မြင်းစီးလျက် လိုက်ပါရပြီး ကျန်လူများက ခြေလျင်ပင် လိုက်ပါလာခဲ့ကြသည်။

ရှောင်းကျန့်တယောက် လူ့ပြည်က သွားလာပုံကို အထူးအဆန်း ဖြစ်နေခဲ့သည်။ ကောင်းကင်နိုင်ငံမှာကတော့ သွားတော့မယ် ရောက်ပြီ ဆိုတာမျိုး မဟုတ်လား။

*သွားရမယ့် နေရာက...တော်တော် ဝေးသေးလား...ဝေ့ချန်...

ရှောင်းကျန့်က မနေနိုင်စွာ မေးလိုက်သည်။ ဝေ့ချန်က ခေါင်းငြိမ့်ပြလေသည်။

*နေ့ဝက် ခရီးလောက်ပေါ့...

*နေ့ဝက်...

ရှောင်းကျန့်က အလန့်တကြား ရေရွတ်လိုက်သည်။ သူတို့ မနက် ၆ မောင်းတိတိတွင် အိမ်တော်မှ ထွက်လာကြသည် မဟုတ်လား။

နောက်ထပ် ၆ မောင်းစာ ခရီးကို...ဒီလူတွေက ခြေလျင် လိုက်ရမှာလား...

ရှောင်းကျန့်က နောက်မှ လူများကို လှည့်ကြည့်ရင်း စိတ်ညစ်သွားရသည်။ အသေးစား ဝန်စလည်တို့ကို သယ်ဆောင်လာတဲ့ လှည်းအား လှမ်းကြည့်ရင်း ရှောင်းကျန့်က စိတ်မသက်သာစွာ ခေါင်းခါလိုက်သည်။

အိမ်တော်ထိန်းကြီးက နောက်ဘက်ကို လှည့်အကြည့် ရှောင်းကျန့် ခေါင်းခါနေချိန်နဲ့ တိုးပြီး မျက်မှောင်ကြုံ့လိုက်သည်။ လူအားလုံးမှာ သယ်စရာ ပစ္စည်း တခုဆီပါပေမယ့် ရှောင်းကျန့်မှာတော့ မရှိ။ ရှောင်းကျန့် ပစ္စည်းကို ဝေ့ချန်က သယ်ပေးသဖြင့် အေးအေးသက်သာ လိုက်ပါလာသည်။

*ရှောင်းကျန့်...မင်းက အားနေတာပဲ...ရော့...ဟိုရောက်ရင် အိမ်ရှင်ကို ပေးမယ့် ဝိုင်အိုး...သေချာ သယ်လာခဲ့...

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now