(Unicode)
ဒီကိစ္စတွေ ဖြစ်ပြီးတဲ့ နောက်မှာတော့ အထင်လွဲ မခံချင်လို့၊ စိတ်ဆိုးမှာ စိုးလို့ ဆိုသည့် အကြောင်းပြချက်များနဲ့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို သူ ဘယ်သွားသွား ခေါ်သွားတတ်ခဲ့သည်။ ယုတ်စွအဆုံး နန်းတော်ကို အခစား ဝင်ချိန်မှာပင် ရှောင်းကျန့်ကို ဝေ့ချန်အား အဖော်ပြုစေလျက် သူ၏ နန်းတော် ရုံးဆောင်မှာ ဝမ်ရိပေါ်က ခေါ်ထားတတ်လေသည်။
အခုလည်း တပ်သားသစ်တွေရဲ့ လေ့ကျင့်ကွင်း စစ်ဆေးမှုတွင် လိုက်ခဲ့ရန် ရှောင်းကျန့်အား ခေါ်နေခဲ့ပြန်သည်။
*ငါ စံအိမ်မှာပဲ နေခဲ့ရင်လည်း ဖြစ်နေတာပဲကို...ဘာလို့ လိုက်ရမှာလဲ ရိပေါ်ရာ...
စူပုတ်ပုတ်လေး ထိုင်ကာ ပြောနေတဲ့ ရှောင်းကျန့်၏ ဦးခေါင်းလေးကို ဝမ်ရိပေါ်က ခပ်ဖွဖွလေး ပုတ်လိုက်သည်။
*စံအိမ်မှာဆို တယောက်ထဲ ပျင်းနေမှာပေါ့...ကျွန်တော့်ကိုလည်း စောင့်ကြည့်ရင်း...လေ့ကျင့်ကွင်းကို လိုက်ခဲ့နော်...ဟိုမှာက လူအများကြီးဆိုတော့...စိတ်လည်း အပြောင်းအလဲ ဖြစ်တာပေါ့...စံအိမ်ထဲမှာကျ...ဒီလူ...ဒီလူတွေနဲ့ပဲ နေ့တိုင်း တွေ့နေရတာလေ...နော်...
လိုက်ချင်ချင် မလိုက်ချင်ချင် ရှောင်းကျန့်ကို ဝမ်ရိပေါ်က မရအရ ခေါ်သည်။ နေ့ဘက်တွေမှာ တပူးတွဲတွဲ ရှိနေသလို ညဘက်တွေမှာလည်း အတူ အိပ်ကာ ရှောင်းကျန့် နံဘေးမှ မခွာခဲ့။
*ဟင်း...
သက်ပြင်းလေးကို ချရင်း ရှောင်းကျန့် ခေါင်းငြိမ့်လိုက်ရသည်။
🎐 🎐🎐 🎐🎐🎐
လေ့ကျင့်ကွင်းထဲမှ တပ်သားများ၏ လေ့ကျင့်နေမှုများကို ဝမ်ရိပေါ်က လိုက်လံ စစ်ဆေးနေသည်။ ရှောင်းကျန့်ကတော့ ကွင်းထဲအထိ မလိုက်ပဲ စစ်ဆေးရေး မျှော်စင်ပေါ်မှာပဲ ဝေ့ချန်နဲ့ ကျန်နေခဲ့သည်။
တပ်သားများကို စစ်ဆေးနေတဲ့ ဝမ်ရိပေါ်ဆီကို ငေးကြည့်ရင်း ရှောင်းကျန့် အတွေးတို့ လွင့်နေခဲ့သည်။
ဝမ်ရိပေါ်သည် မိမိ အတိတ်ဘဝမှ ခင်ပွန်း။
လက်ရှိတွင်လည်း မိမိအား ဂရုစိုက်လွန်းသူ။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed