HC - 41 (U&Z)

323 36 4
                                    

(Unicode)

လုကျင်းပင်မြို့တော်ရဲ့ လမ်းမကြီးထက်မှာ ပျားပန်းခပ်မျှ လူများသွားလာနေကြသည်။ မင်းနေပြည်တော် စိုက်ရာမြို့တော်မို့ လူစည်ကားသည်က မထူးဆန်းတော့ပေ။ ထိုလူများထဲတွင် အပြာနုရောင် ဝတ်စုံနဲ့ အဖြူ​ေရာင် သားမွှေး အပေါ်ရုံကို ဆင်မြန်းထားသော လူငယ်တယောက်နှင့် အစေခံ တအုပ်လည်း ပါဝင်လေသည်။

*သခင်လေး...ဘာတွေ လိုက်ကြည့်နေတာလဲ...

လမ်းလယ်ခေါင်မှာ ရပ်လျက်တွေတွေလေး ငေးကြည့်နေတဲ့ လူငယ်အား အစေခံဖြစ်ဟန် တူသူက မေးလိုက်သည်။

*ဟိုမှာလေ...နှုတ်ခမ်းအောက်မှာ မှဲ့လေးနဲ့...ကောင်မလေး...အရမ်း လှတာပဲ...

*ဘယ်တယောက်လဲ သခင်လေးရဲ့...

*ဟိုမှာ...ဈေးဝယ်နေတယ်လေ...

သခင်လေး ဆိုသူက စျေးတန်းလေးထဲတွင် စျေးဝယ်နေသည် မိန်းမငယ်လေး တယောက်အား ညွှန်ပြရင်း ပြောလိုက်သည်။ သို့သော်လည်း ခဏအကြာတွင် ခေါင်းကို ဖြည်းညှင်းစွာ ခါရမ်းလိုက်သည်။

*မဟုတ်သေးပါဘူးလေ...
ကဲ...သွားကြရအောင်...သခင်ကြီး စောင့်နေတော့မယ်...

*ကောင်းပါပြီ သခင်လေး...

လူငယ်ရဲ့ စကားကြောင့် မိန်းမငယ်လေးအား ငေးမောကာ မျှော်ကြည့်နေတဲ့ အစေခံက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် လူငယ်ဦးဆောင်သည့် အဖွဲ့သည် လုကျင်းပင် မြို့တော်ရဲ့ လမ်းမကြီးထက်မှ တဆင့် အိမ်တော်တခုဆီသို့ ရှေးရှုကာ ထွက်ခွာ သွားကြလေတော့သည်။

ထိုအဖွဲ့၏ နောက်ဘက် မလှမ်းမကမ်းတွင်တော့ လူ နှစ်ယောက်က ခပ်အေးအေး လမ်းလျှောက်ကာ လိုက်ပါလာသည်။

🎐 🎐🎐 🎐🎐🎐

*ဘယ်လိုလဲ...အလုပ်ဖြစ်တယ် မဟုတ်လား...

လင်းချူနတ်မင်းက သားဖြစ်သူ လင်းချူမင်းအား ပြောလိုက်သည်။ လင်းချူမင်းက ဝမ်းသာအားရ ခေါင်းငြိမ့်ပြလိုက်သည်။

*အလုပ်ဖြစ်ပုံပဲ ပါး...
ဒါနဲ့ ပါးက ဒီမြို့မှာ...ကောင်းကင်နတ်ဘုရားက...လူဝင်စားမှာကို...ဘယ်လိုလုပ်ပြီး သိတာလဲ...

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now