(Unicode)
*ကြည့်တယ်လေ...ကြည့်နေလို့ ခင်ဗျားကို ကြိုက်နေတာပေါ့...အခု ဘယ်လို လုပ်ရမလဲ...
*ဟာ...
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်နှာလေး ရဲသွားရသည်။ ထို့ကြောင့် ချက်ချင်း ခေါင်းကို ငုံ့ကာ ဖုံးကွယ်လိုက်သည်။
*ပြောလေ...ဘာလုပ်ရမလဲလို့...
ဝမ်ရိပေါ်က ရှောင်းကျန့် လက်တွေကို မလွှတ်တမ်း ဆွဲထားရင်း မေးလိုက်သည်။
*ငါ...ငါ ဘယ်သိမလဲ...
*ခင်ဗျားရော...ကျွန်တော့်ကို ကြိုက်လား...ပြောလေ...
အရှက်သည်းနေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က မရအရ မေးနေေလသည်။
*ကြိုက်ရအောင်...မင်းက ဟင်းပွဲ မို့လို့လား...
*အာ...အဲ့လိုလား...ဒါဆို ကျွန်တော် ခင်ဗျားကို ချစ်တယ်...ခင်ဗျားရော...ကျွန်တော့်ကို ချစ်လား...ဖြေပါဦး...
ဝမ်ရိပေါ်က အူကြောင်ကြောင်လေး လုပ်နေတဲ့ ရှောင်းကျန့် မျက်နှာလေးကို ငုံ့ကြည့်ရင်း မေးလိုက်သည်။
*ဟာ...ဘာတွေ မေးနေတာလဲ...
မသိဘူး...ငါ သွားတော့မယ်...*မသိလို့ မရဘူးလေ...အဖြေ ပြန်ပေးရမှာပေါ့...ပြော...ကျွန်တော့်ကို ချစ်လား...
ညစ်ကျယ်ကျယ်လေး ပြန်ဖြေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ်က အသည်းယားစွာ ကြည့်နေခဲ့သည်။
*ပေးစရာလား...စဥ္းစားရဦးမှာပေါ့...
ရှောင်းကျန့်က မျက်လုံးလေး ထောင့်ကပ်ကာ ဖြေလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်ကို ပုခုံးမှ ဆွဲပြီး မျက်နှာချင်းဆိုင် ကြည့်လိုက်သည်။
*ဒါဆို ဘယ်လောက် ကြာမှာလဲ...၁ ရက်လား...တပတ်လား...
*မသိဘူးလေ...ပေးချင်တဲ့ အချိန်မှ ပေးမှာပေါ့...မစောင့်နိုင်ရင် မင်းဘာသာ...ကြိုက်တဲ့သူနဲ့ ယူသွား...
ရှောင်းကျန့်က ပေကပ်ကပ်လေး ပြန်ဖြေလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့် လက်ကို ဆွဲကာ နေရာမှ ထရန် ဟန်ပြင်လိုက်လေသည်။
*ဒါဆို...လာ...အခုပဲ လက်ထပ်ကြမယ်...
*ဘာဆိုင်လို့လဲ...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed