HC - 21 (U&Z)

415 49 3
                                    

(Unicode)

စံအိမ်ကို ပြန်ရောက်သည်နှင့် သူ့အိမ်ခန်းလေးထဲကို တန်းဝင်သွားတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် တယောက် ဘာလုပ်ရမည် မသိ ဖြစ်သွားသည်။ ထို့ကြောင့် ဝမ်ရိပေါ်၏ အိပ်ခန်းရှေ့မှာ ယောင်လည်လည်နှင့် ကျန်နေခဲ့လေသည်။

*ဘာလုပ်စရာ ရှိသေးလို့လဲ ရှောင်းကျန့်...ဘာလုပ်ပေးရမလဲ...

*အာ...ဘာမှ မရှိပါဘူး ဝေ့ချန်...ရပါတယ်...

ဝေ့ချန် အမေးကို ရှောင်းကျန့်က အူလည်လည်နဲ့ ပြန်ဖြေလိုက်သည်။ ဝေ့ချန်က ဝမ်ရိပေါ် ၏ အခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။

*သခင်လေးကို စောင့်နေတာဆိုရင်တော့...မင်း ပြန်လိုက်တာက ပိုကောင်းလိမ့်မယ် ရှောင်းကျန့်...သူ့ကို ခဏလောက်တော့ ပေးနားလိုက်ပါကွာ...

*အင်း...အင်းပါ...

မတတ်သာသည့်အဆုံး ကိုယ့်အိပ်ခန်းလေးဆီသို့ ရှောင်းကျန့် ပြန်လာခဲ့လိုက်သည်။ ဒီနေ့ အဖြစ်အပျက်က မယုံနိုင်စရာမို့ သူ့ စိတ်ထဲမှာလည္း မတင်မကျစိတ်ကသာ ကြီးစိုးနေခဲ့လေသည်။

နတ်တပါးရဲ့ စိတ်အလျင်လို လျင်မြန်တဲ့ ရွေ့ရှားမှုနဲ့ ထပ်တူ ဝမ်ရိပေါ်က ဘယ်လိုလုပ်ပြီး မိမိအား ကာကွယ် ပေးနိုင်ခဲ့တာလဲ။

နန်းတော်မှာ ရောက်ရှိနေတဲ့ ဝမ်ရိပေါ်သည် အဘယ်ကြောင့် စံအိမ်ကို ချက်ချင်းကြီး အချိန်ကိုက် ပြန်ရောက် လာနိုင်ခဲ့သနည်း။

နောက်ပြီး အရှိန်နဲ့ လဲကျလာတဲ့ လေးလံလှတဲ့ လှေကားရဲ့ ဒဏ်ကို ဝမ်ရိပေါ်က ဘယ်လိုလုပ်ပြီး ခုခံထားနိုင်ခဲ့သည်လဲ။

အားးး...ရူးတော့မှာပဲ...ရူးတော့မှာပဲ...ဒါတွေက ဘာကြောင့်ဆိုတာ...ဘုရားမှပဲ သိလိမ့်မယ်...
လောလောဆယ်တော့...ငါ သူနဲ့ တွေ့ဖို့...ဘယ်လို လုပ်ရမလဲဆိုတာကို တွေးရမယ်...
ဝေ့ချန်ကလည်း...ကူညီမှာ မဟုတ်ဘူး...

အိပ်ခန်းလေးထဲမှာ စိတ်ပျက်လက်ပျက်နဲ့ ရှောင်းကျန့် တယောက် ထိုင်နေခဲ့လေသည်။

🎐 🎐🎐 🎐🎐🎐

ည လူချေတိတ်သည် အထိ ရှောင်းကျန့် တယောက် ငြိမ်နေခဲ့ရသည်။ ညစာကိုလည်း မိမိ အခန်းဆီသို့ ဝေ့ချန်ကပင် လာပို့ ပေးသွားလေသည်။

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now