HC - 29 (U&Z)

398 50 8
                                    

(Unicode)

ချစ်တယ်လို့ ဆိုပြီး ပြန်တော့လည်း ရှောင်းကျန့်တို့က သည်းသည်းလှုပ်။ ရိပေါ် ဆိုတဲ့ နာမည်ကို ပါးစပ်ဖျားက မချ။ အရာရာက ဝမ်ရိပေါ် အတွက် ချည်းသာ။

*ဒါက ရိပေါ် ကြိုက်တဲ့ အမဲနှပ်...ဒါက ရိပေါ် အတွက် ဝက်မုန့်ညှင်း...ဒါက ရိပေါ် သောက်တဲ့ အရက်နဲ့ မြည်းဖို့ ငါးကင်...ဒါက ရိပေါ် ပြောနေကျ ကြာစွယ် ဟင်းချို...နောက်ပြီး ဒါက ရိပေါ် ကြိုက်တဲ့ သခွားသီး ဓားပြားရိုက် အချဥ္သုပ်...ဘာလိုသေးတယ် ထင်လဲ ဝေ့ချန်...

ဝေ့ချန်က ရှောင်းကျန့်ကို မျက်လုံး ပြူးကာ ကြည့်သည်။ ဟုတ်တယ်လေ အခုတလော ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်က အရမ်း ထူးခြားနေသည် မဟုတ်လား။

ရှောင်းကျန့်က အရင်လို နန်းတော်ကို လိုက်မသွားပဲ နေ့လည်စာ စားချိန်အမီှ စားဖိုမှူးကို ချက်ပြုတ်ခိုင်းပြီး သယ်သွား တတ်သည်။ ချက်သမျှကလည်း ဝမ်ရိပေါ် စားချင်သည် ဆိုသည့် ဟင်းများသာ။

အခုလည်း အရင်နေ့တွေက အတိုင်း ဝမ်ရိပေါ် ပြောဖူးသမျှ စားချင်သည် ဆိုသည့် ဟင်းတွေကိုပဲ ချက်ခိုင်း ထားပြန်သည်။

*တော်ပြီလေ...တနေ့ တနေ့ သခင်လေး စားချင်တယ် ဆိုတဲ့ ဟင်းတွေကို...မင်းရဲ့ ကပေါက်တိ ကပေါက်ချာ တွဲစပ်မှုနဲ့...လိုက်ပြီး စားနေရတာ...ငါ ရူးချင်နေပြီ...

ဝေ့ချန်က မျက်စောင်းခဲပြီး ပြောလိုက်သည်။ ရှောင်းကျန့်က မျက်နှာငယ်လေးနဲ့ ပြန်ကြည့်သည်။

*ဝေ့ချန်ကလည်း...အဲ့လိုကြီးတော့ မပြောပါနဲ့...သခင်လေးတောင် စားနိုင်သေးတာကို...

*ဘာ...ရှောင်းကျန့်...
ငါ...ငါတော့နော်...ဟင်း...
သခင်လေးကတော့ ဘယ်လိုစိတ်နဲ့...သည်းခံပြီး...စားနိုင်တယ်ဆိုတာ မသေချာပေမယ့်...ငါကတော့ မစားနိုင်တော့ဘူးဟေ့...တော်လောက်ပြီ...

*ဟင့်...ဒါဆို ရိပေါ်နဲ့ တွေ့ရင် မေးရမယ်...သူ စားနိုင်ရဲ့လားလို့...

🎐 🎐🎐 🎐🎐🎐

*ရိပေါ်...ရိပေါ်...

နန်းတော်က ဝမ်ရိပေါ် ရုံးခန်းထဲမှာ မည်သူမျှ မရှိသည်နှင့် ရှောင်းကျန့်က ဝမ်ရိပေါ်ကို ပြေးဖက်လိုက်သည်။ ဝမ်ရိပေါ်က အဆင်သင့် ထွေးဖက် လိုက်သည်။

He Created (သူ ဖန်တီးသော)(U&Z) - CompletedWhere stories live. Discover now