(Unicode)
*သား...နိုးလာပြီလား...
*ဟင်...
မိခင်၏ အသံကြောင့် ရိပေါ်က လှဲနေရာမှ အလန့်တကြား ထထိုင်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ဝေ့ဝှိက်ကာ ကြည့်လိုက်ပြန်သည်။
*အိမ်လား...
ကျွန်တော်က ဘယ်လို လုပ်ပြီး...ရိပေါ်က နားမလည်နိုင်သလို မေးလိုက်သည်။ ကျန်းကတော်က ပြုံးလိုက်လေသည်။
*ဘာမှ မမှတ်မိတော့ဘူးလား...
ညက သား အရမ်းကို မူးလာတာလေ...ဘာလို့ ဒီလောက်ထိ သောက်လာရတာလဲ...တခါမှ အခုလို အရက် သောက်တာမျိုး...မား မတွေ့ခဲ့ဘူးပါလား...ဘာဖြစ်လာလို့လဲ သား...*အာ...
ရိပေါ်က မိခင်ဖြစ်သူ ကျန်းကတော်ကို အူကြောင်ကြောင်လေး ကြည့်နေခဲ့သည်။ ကျန်းကတော်ကတော့ သား မျက်နှာကိုသာ စေ့စေ့ ကြည့်ရင်း စူးစမ်းနေသည်။ မိခင်၏ အကြည့်ကြောင့် ရိပေါ်က မနေတတ်စွာ ခေါင်းငုံ့လိုက်သည်။
*မားက ဘာလို့...အဲ့လို ကြည့်နေတာလဲ...
*ညက သားတလျှောက်လုံး ပြောနေတာ...ခင်ဗျား အဲ့လို လူတွေ ရှေ့မှာ...ကပြနေတာကို...ကျွန်တော် မကြိုက်ဘူး...ခင်ဗျားက ကျွန်တော့်အပိုင်တဲ့...
*ဟင်...
ရိပေါ်က မိခင်အား အလန့်တကြား ကြည့်လိုက်သည်။ ကျန်းကတော်က သားဖြစ်သူ ရိပေါ်ကို လေးလေးနက်နက် စိုက်ကြည့်နေသည်။
*သားမှာ ရည်ရွယ်ထားတဲ့သူ ရှိနေပြီလား...
*ဟာ...
*ဘယ်သူလဲ...ဘယ်အိမ်တော်က သမီးလဲ...သူ့မိဘတွေက ဘာလုပ်လဲ...သားနဲ့ ဘယ်တုန်းက တွေ့ခဲ့တာလဲ...မား သွားတွေ့လို့ ရမလား...
*အာ...မဟုတ်ပါဘူး မားရယ်...
ရိပေါ်က ခပ်မြန်မြန်လေး ငြင်းဆန်လိုက်သည်။ ကျန်းကတော်ကတော့ သားကို နားမလည်သလို ကြည့်သည်။
*ဘာလို့လဲ...သားဘက်ကပဲ သူ့ကို သဘောကျခဲ့ရလို့လား...သူ့ဘက်မှာ ရည်ရွယ်ထားသူ ရှိနေလို့လား...ကိစ္စ မရှိဘူး...သူ့အိမ်တော်က သဘောတူထားတာ မဟုတ်သေးရင်...မားက ရအောင် တောင်းပေးမယ်...ဘယ်အိမ်တော်က ဆိုတာကိုသာ မားကို ပြောပြ...နော်...
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed