(Unicode)
မိမိ ရှေ့မှာ ဦးညွှတ်နေတဲ့ ကောင်းကင်နတ်ဘုရားကို ရှောင်းရီဝေးက ခပ်ငေးငေး ကြည့်နေခဲ့သည်။
အခု ကောင်းကင်နတ်ဘုရားက...ငါ့ကို ဦးညွှတ်နေတာလား...တလောကလုံးက ဦးညွှတ်ရတဲ့ အရှင်သခင်ကလေ...
ဒါက အိမ်မက်လား...တကယ်ပဲလား...ရှောင်းရီဝေး တယောက် မိမိအဖြစ်အား မယုံကြည်နိုင်သလို ကောင်းကင်နတ်ဘုရားကို ကြည့်နေခဲ့သည်။ ယင်းရွှေလိကတော့ ပြုံးနေလေသည်။ ရှောင်းကျန့်ခမျာလည်း ကောင်းကင်နတ်ဘုရား ဝမ်ရိပေါ် နံဘေးမှာ ရပ်ရင်း ဖခင် ပြောလာမည့် စကားကို ရင်တထိတ်ထိတ်နဲ့ ငံ့လင့်နေခဲ့သည်။
*ကျွန်...ကျွန်တော် အရှင့်ကို...ဘာပြောရမယ်...မဟုတ်သေးဘူး...ဘယ်လို ပြောရမလဲ ဆိုတာ...စဥ္းစားလို့တောင် မရဘူး...
ရှောင်းရီဝေး၏ လေသံက အနည်းငယ် အဖျားခတ်ကာ တုန်ယင် နေသည်။ ရှောင်းကျန့်က ဖခင်ဖြစ်သူကို မျက်နှာငယ်လေးနဲ့ လှမ်းကြည့်လိုက်သည်။
*ပါး...
*ကျွန်တော်တို့ကို လက်ထပ်ဖို့...ခွင့်ပြုပေးပါလို့ပဲ...တောင်းဆိုချင်တာပါ အရှင်...
ကျွန်တော်နဲ့ ရှောင်းကို လက်ထပ်ခွင့် ပေးပါနော်...ကျွန်တော်...ရှောင်းကို တကယ် မြတ်နိုးလို့ပါ...ဖူးစာမှတ်တမ်း ကျောက်တိုင်က စာကြောင့် မဟုတ်ဘဲ...ကျွန်တော် ကိုယ်တိုင်က...ရှောင်းကို တကယ်ပဲ လက်ထပ်ချင်တာပါ...ခွင့်ပြုနိုင်ရဲ့လား...ခွင့်ပြုပေးဖို့ကို တောင်းဆိုပါတယ်...ခွင့်ပြုပေးပါနော်...သဘော တူပေးပါ...ဝမ်ရိပေါ်က ပြောရင်း ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။
*ရိပေါ်...
*ဟင်...
အဲ့လို မလုပ်ပါနဲ့ အရှင်...ရှောင်းကျန့်က အံ့အားသင့်ကာ ကြည့်နေသလို ရှောင်းရီဝေးကလည်း ကောင်းကင်နတ်ဘုရားကို အလန့်တကြား ပြေးထူလိုက်သည်။
*ကျွန်တော်တို့ကို ခွင့်ပြုပေးပါ...အဲ့ဒါမှ ကျွန်တော် ထ ပါမယ်...
ဝမ်ရိပေါ်က ရှောင်းရီဝေးကို ရှောင်လိုက်ပြီး ကြမ်းပေါ်မှာ ဆက်လက် ဒူးထောက်နေခဲ့သည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed