(Unicode)
*ဒါ တကယ်ကြီးလား...ပါး...ဘယ်လိုလုပ်ပြီး...
မိမိရှေ့မှ မြင်ကွင်းကို လင်းချူမင်းက မယုံနိုင်သလို ကြည့်ရင်း ဖခင်ဖြစ်သူအား မေးလိုက်သည်။ လင်းချူနတ်မင်းက သဘောကျစွာ ခေါင်းငြိမ့်ပြလိုက်လေသည်။
*မင်း ကိုယ်တိုင် မြင်နေရပြီပဲ...ဘာကို သံသယဝင်နေသေးတာလဲ...
*မယုံနိုင်ဘူး...ကောင်းကင်နတ်ဘုရားက အခုလို မျိုး ဖြစ်နေတယ် ဆိုတာကိုပေါ့...ရှောင်းရှောင်းကို မြင်စေချင်လိုက်တာ...တကယ်ကိုပဲ...
လင်းချူမင်းက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ လင်းချူနတ်မင်းက ခေါင်းတညိမ့်ညိမ့်နဲ့ ရှိသည်။
*သူလည်း နတ်ကြေးမှုံကနေ မြင်နေရမှာပဲဟာ...မင်းက တကူးတက ခေါ်ပြနေစရာ...မလိုပါဘူးလေ...ငါ သိသလောက်ဆို ကောင်းကင်နတ်ဘုရားရဲ့ မင်္ဂလာပွဲနေ့ကတည်းက...ရှောင်းရှောင်း အပြင်ကို ထွက်မလာတော့ဘူး...သူလည်း အတော်ကို စိတ်ဆင်းရဲနေမယ် ထင်တယ်...
သူ ထွက်လာချိန်ကျရင်...မင်းက ကောင်းကောင်း နှစ်သိမ့်ပေးဖို့ လိုလိမ့်မယ်...*စိတ်ချပါ ပါး...ကျွန်တော် ရှောင်းရှောင်းကို...သေသေချာချာကို နှစ်သိမ့်ပေးမှာပါ...
လင်းချူမင်းက တက်ကြွစွာ ပြောရင်း ရှေ့မှ မြင်ကွင်းကို ပြန်ငေး ကြည့်နေခဲ့သည်။
လူသားဖြစ်နေသော ကောင်းကင်နတ်ဘုရားသည် သူ့ရှေ့မှာ အမူပိုကာ ရှိနေသည့် အမျိုးသမီးလေးအား မျက်နှာ ညိုးမှာ စိုးသလို အရိပ် တကြည့်ကြည့်နဲ့ ချော့မော့ကာ ရှိနေခဲ့သည် မဟုတ်ပါလား။ အလိုလိုက် အကြိုက်ဆောင်ကာ မြတ်နိုးမဆုံး ဖြစ်နေပုံက ရှောင်းကျန့်ပင် မရခဲ့ဖူးသော အခြေအနေမျိုးဟု ဆိုရပေလိမ့်မည်။
ရှောင်းရှောင်းကို လုံးဝ မေ့ပစ်လိုက်ပါ အရှင်...
🎐 🎐🎐 🎐🎐🎐
လူ့ပြည်မှာ သစ်ရွက်တွေ အကြိမ်ကြိမ် ကြွေလို့ ရာသီတွေလည်း အလီလီ ပြောင်းခဲ့ပြီ။
ရိပေါ် အသက် ၅၅ နှစ်မှ စ၍ ဝမ်ရိပေါ်က ရှောင်းကျန့်အား အိမ်မက်ကမ္ဘာကို မလာစေတော့။ ထို့ကြောင့် ရှောင်းကျန့်တယောက် နတ်ကြေးမှုံမှ တဆင့်သာ ဝမ်ရိပေါ်ကို ကြည့်နေခဲ့ရသည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed