(Unicode)
ရှောင်းကျန့် စကားတခွန်းနဲ့ လက်ခံလိုက်တဲ့ မင်္ဂလာပွဲက ရိပေါ်အတွက်တော့ တကယ်ကို စိတ်ရှုပ်စရာပင်။ မိမိ ချစ်ရသူကိုလည်း လက်ဆုပ် လက်ကိုင် ပြလို့ မရသလို မိမိကို တိုက်ခိုက်နေတဲ့ ရန်သူကိုလည်း သေချာမသိနိုင်တဲ့ အခြေအနေ။ အရာရာက ကံကြမ္မာအတိုင်းလို့ ဆိုချင်ပေမယ့် အနည်းငယ်တော့ စွက်ဖက်မှု ရှိနေခဲ့သည် မဟုတ်လား။
ငါက ဘာလို့...ဒီလိုတွေ ခံစားနေရတာလဲ...မတရားလိုက်တာ...
ရိပေါ်က စိတ်ပျက်လက်ပျက် တွေးလိုက်မိသည်။ မိမိနှင့် စေ့စပ်တော့မည်ဟု အတိအကျ ကြေငြာလိုက်ချိန်မှ စ၍ ကုန်သွယ်ရေး အမတ်က ကျန်းအိမ်တော်မှာ နေ့စဥ္ဆိုသလို ဝင်ထွက်နေခဲ့သည်။ ထို့အတူ သခင်မလေး ရွယ်ရွယ်သည်လည်း အကြောင်း အမျိုးမျိုးနဲ့ မကြာခဏ ရောက်လာတတ်လေသည်။
*သခင်လေး...
*အင်း...ဘာလဲ...သခင်မလေး ရောက်လာပြန်ပြီလား...
စိတ်ပျက်လက်ပျက် ပြန်မေးလာတဲ့ သခင်ဖြစ်သူအား ချင်းရန်က နားမလည်သလို ကြည့်လိုက်သည်။
*မဟုတ်ပါဘူး...သခင်လေး ငြိမ်ပြီး ထိုင်နေတာ ကြာနေလို့ ခေါ်ကြည့်တာ...ဒါနဲ့ သခင်လေးက...သခင်မလေး လာရင်...အရမ်းပျော်တာ မဟုတ်လား...အခုက လာမှာကိုတောင် စိတ်ပျက်နေသလိုပဲ...ဘာဖြစ်လို့လဲ...
ချင်းရန် စကားကြောင့် ရိပေါ်က မျက်နှာကို ချက်ချင်း ပြင်လိုက်သည်။
*ဟင်...အဲ့လို ဖြစ်သွားတာလား...
မဟုတ်ပါဘူး...မင်္ဂလာပွဲ ကိစ္စနဲ့ နည်းနည်း ပင်ပန်းနေလို့ပါ...မင်းကရော ဘာလို့ အဲ့လို တွေးနေတာလဲ...*အာ...တောင်းပန်ပါတယ် သခင်လေးရယ်...တကယ်တော့ သခင်မကြီးက မင်္ဂလာဝတ်စုံအတွက်...ကိုယ်တိုင်းယူမယ့် အပ်ချုပ်သမား ရောက်နေလို့...သခင်လေးကို ခေါ်ခိုင်းလိုက်တာပါ...ဒါပေမယ့် ဒီရောက်တော့...သခင်လေး ပုံစံက တခုခုကို စဥ္းစားနေတယ် ထင်လို့...စောင့်ကြည့်နေမိတာပါ...
ချင်းရန်က ပြာပြာသလဲ ပြောလိုက်သည်။ ရိပေါ်က ခေါင်းငြိမ့်ပြပြီး နေရာမှ ထလိုက်သည်။
YOU ARE READING
He Created (သူ ဖန်တီးသော)(U&Z) - Completed